Main menu

Background

အဝင်လှိုင်၊ အဆွဲသွက်တ့ ဲ မုံရွာပဲတီဈေးကွက်

Mon, 06/06/2011 - 07:47 -- Anonymous (not verified)

အဝင်လှိုင်၊ အဆွဲသွက်တ့ ဲ မုံရွာပဲတီဈေးကွက်              မုံရွာကုန်စည်ဒိုင် မေလကုန်ပတ် ပဲဈေးကွက်မှာ ပဲတီစိမ်းကြီး အရောင်းအဝယ်ဟာ အခြားပဲမျိုးစုံထက် ဈေး ကောင်းပြီး အရောင်းအဝယ်သွက်ခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက်ဝန်းကျင်က ရေသွင်းပဲတီအများစု လှိုင်လှိုင် ဝင်လာနေသလို တရုတ်အဆွဲကြောင့် မန္တလေးဝယ်လက် အဝယ်သွက်လို့ အခုလိုအရောင်းအဝယ် ကောင်းမွန်နေခြင်း ဖြစ်တယ်လို့ ပွဲရုံရပ်ဝန်းက ဆိုပါတယ်။ မေလ လကုန်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ စိမ်းကြီးပေါက်ဈေးကတော့ တစ်တင်း ကျပ် ၂၈ဝဝဝ အနိမ့်ဆုံးနဲ့ ကျပ် ၃ဝဝဝဝ ထိ အမြင့်ဆုံး ပေါက်ခဲ့ပြီး မန်းဝယ်လက်သွက်တဲ့ နေ့တွေမှာ တစ်ရက် အိတ် ၂ဝဝဝ မှ ၃ဝဝဝ အထိ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။ စီးဆင်းမှု အားဖြင့် ယခုလနောက်ဆုံးပတ်မှာ မုံရွာကနေ မန္တလေးကို တစ်ရက် အိတ် ၁ဝဝဝဝ နီးပါးရှိတယ်လို့ သိရပါတယ်။   ထွန်းလှိုင်