Main menu

Background

ပုစွန်ကျားပြုပြင်ထုတ်လုပ်သူများ ကုန်ကြမ်းပြတ်လပ်

Mon, 06/06/2011 - 08:44 -- Anonymous (not verified)

ပုစွန်ကျားပြုပြင်ထုတ်လုပ်သူများ ကုန်ကြမ်းပြတ်လပ်                  ဗီယက်နမ်ပုစွန်ကျား (Tiger prawn) ကုန်ချောထုတ်လုပ်တင်ပို့သူတွေက ကုန်ကြမ်းပြတ်လပ်မှုနဲ့ ဈေးနှုန်း မြင့်မားမှုတို့ကြောင့် လုပ်နိုင်စွမ်းမှာ တစ်ဝက်တစ်ပျက်ဖြစ်နေကြောင်း သတင်းရရှိပါတယ်။ တောင်ပိုင်းပြည်နယ်တွေမှာ ပုစွန်ကျားက ရောဂါပိုးကျရောက်လို့ သေဆုံးကုန်ရာ ကုန်ချောထုတ်လုပ်မှု အခက်ကြုံနေကြောင်း Ut Xi Seafood Processing Joint Stock Company  မှ ညွှန်ကြားရေးမှူး Nguyen Tuan Anh မှပြောကြားလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်းမှာ ဒီလိုဆိုးဆိုးရွားရွား ပုစွန်ကုန်ကြမ်းပြတ်လပ်မှုမျိုးကို တစ်ခါမှ မကြုံဖူးသေးကြောင်း တောင်ပိုင်း ံHau Giang  ပြည်နယ် Cafatex Corporation  မှ အထွေထွေညွှန်ကြားရေးမှူး Nguyen Van Kich   မှပြောကြားလိုက်ပါတယ်။ မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ ပုစွန်အပေါ်မှာ ရောဂါကျရောက်မှုကြောင့် သေဆုံးကုန်ကြရာ ဗီယက်နမ် အနေနဲ့ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ပို့ကုန်စာချုပ်တွေ ချုပ်ဆိုရာမှာ အခက်အခဲရှိခဲ့ကြောင်း ဗီယက်နမ် ပင်လယ်စာတင်ပို့သူတွေနဲ့ ပြုပြင်ထုတ်လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူး Truong Dinh Hoe  မှပြောကြားလိုက်ပါတယ်။ ပုစွန်ကုန်ကြမ်းဆိုးဆိုးရွားရွား ပြတ်လပ်မှုက သြဂုတ်လအထိ ကြုံတွေ့နိုင်ကြောင်း ံHoe  အရ သိရှိရပါ တယ်။ ယခုအခါ ပုစွန်မွေးမြူသူတွေက ကြီးမားတဲ့ ပုစွန်ကျားအစား ခြေထောက်အဖြူရောင်ရှိတဲ့ ပုစွန်ကိုအစားထိုးမွေးမြူလျက်ရှိကြောင်း Soc Trang Seafood Joint Stock Company  မှ အထွေထွေညွှန်ကြားရေးမှူး Tran Van Pham  မှ သိရပါတယ်။ ဒါပေမဲ့ယာယီသာဖြေရှင်းနိုင်မှာဖြစ်ကြောင်းနဲ့ ဗီယက်နမ်ပုစွန်ကျားက အိန္ဒိယပုစွန်ကြားနဲ့သာ ယှဉ်ပြိုင်ရပြီး ခြေထောက် အဖြူရောင်ရှိတဲ့ ပုစွန်မှာ နိုင်ငံများစွာမှာ ထုတ်လုပ်လျက်ရှိရာ ပြိုင်ဆိုင်မှုပိုများကြောင်း Pham  မှဖြည့်စွက် ပြောကြား လိုက်ပါတယ်။ ယခုနှစ်မှာ ပုဇွန်တင်ပို့မှုပမာဏလျော့ကျသွားသော်လည်း ပုဇွန်ဈေးနှုန်းမြင့်မားမှုကြောင့် ပုဇွန်တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဘီလီယံရရှိနိုင်ကြောင်း ဗီယက်နမ်ပင်လယ်စာတင်ပို့သူတွေနဲ့ ပြုပြင်ထုတ်လုပ်သူများအသင်း အရ သိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊Source:vietnamnet.vnagency.com