အပတ်စဉ် တန်ချိန်တစ်ထောင်ကျော် ပုံမှန်တင်သွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ မေ ၂၉ ရက်မှ ဇွန် ၄ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၂၄၇ ဒသမ ၈ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းငါးသောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံမှ အာမိုဓာတ်မြေသြဇာ ၁၅ တန်၊ ထိုင်းနိုင်ငံမှ သုည ဒသမ ၈ တန်၊ တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာ ၇၉၂ တန်နဲ့ မလေးရှားနိုင်ငံမှ ယူရီးယား ၂၄ဝ တန်နဲ့ အခြားဓာတ်မြေသြဇာ တန်ချိန် ၂ဝဝ အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုမှာ တန်ချိန် ၁၁၂၇ တန်ရှိခဲ့ တာကြောင့် ဒီသီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၁၂ဝ ဒသမ ၈ တန် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ လချုပ်အနေနဲ့ မေလအတွင်း ဓာတ်မြေသြဇာတင်သွင်းမှုမှာ တန်ချိန် ခုနစ် ထောင့်ခုနှစ်ရာကျော်ရှိခဲ့ပြီး ဧပြီလအတွင်း တင်သွင်းမှုက တန်ချိန် နှစ်ထောင့်ငါးရာ ကျော်ရှိခဲ့တာကြောင့် မေလမှာ တန်ချိန်ငါးထောင်ကျော် ပိုမိုတင်သွင်းနိုင်ခဲ့တာတွေ့ ရပါတယ်။ MIRT (DOT) နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာတန် ၁၃၅ဝဝ ကျော် တင်သွင်းမှုရှိ မူဆယ်၊ ချင်းရွှေဟော်၊ ကော့သောင်း၊ ရိဒ်၊ တာချီလိတ်နဲ့ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၈၅၉ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၃၅ဝ ဒသမ ၆၃၈ တန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂ဝဝဝ ကျော် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ ယခင်အပတ်က တင်သွင်းခဲ့ခြင်း မရှိတဲ့ မောင်တော၊ ချင်းရွှေဟော်၊ တာချီလိတ်နဲ့ ကော့သောင်းတို့မှ ယခုအပတ်မှာ တင်သွင်းမှုရှိခဲ့ပေမဲ့ မူဆယ်နဲ့ ရိဒ်နယ်စပ်တို့ရဲ့ တင်သွင်းမှုဟာ ယခင်အပတ်က ထက်လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက် ဓာတ်မြေသြဇာတင်သွင်းမှုများကတော့ မူဆယ်မှ ၁၂၇၉၅ တန်၊ ကော့သောင်းမှ တန် ၃ဝဝ၊ ချင်းရွှေဟော်မှ ၂၄၅ တန်ကျော်၊ ရိဒ်မှ ၁၃၄ တန်၊ တာချီလိတ်မှ ၂၂ တန် နဲ့ မောင်တောမှ ၅ တန် အသီးသီးဖြစ်ပါတယ်။MIRT (DOBT)်ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်) တီစူပါ သံကွင်း(တရုတ်) ၂၉ဝဝဝ ၂၉ဝဝဝ ပိုတက် (တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝ ယူရီးယား(တရုတ်-ရွှေတောင်) ၂၃၅ဝဝ ၂၃၅ဝဝ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၂၄ဝဝ ၂၃၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၃ဝဝ ၂၁ဝဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝ၄ဝဝ ၂၁၄ဝဝ အာမို (ဒိုင်းမွန်းစတား) ၃၉ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၅၅ဝဝ ၂၅ဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၅ဝဝ ၂၂၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၅ဝဝ ၂၂၅ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃ဝဝဝ ၂၃ဝဝဝ ကုလားအုတ် (တရုတ်) ၂၂၇ဝဝ ၂၂၇ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၁၈ဝဝ ၂ဝ၈ဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၂ဝဝဝ ၂၁ဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၂ဝဝဝ ၂၁ဝဝဝ တီစူပါ-(တရုတ်) 12% ၁၁ဝဝဝ ၉၅ဝဝ တီစူပါ-(တရုတ်) 16% ၁၂ဝဝဝ ၁ဝ၅ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၅ဝဝဝ ၃၆၅ဝဝ တီစူပါ 10:10:5(တရုတ်) ၁၅၅ဝဝ ၁၃ဝဝဝ ပိုတက် (တရုတ်) ၂၂ဝဝဝ ၂ဝဝဝဝ ဓာတ်ဆား (တရုတ်) ၁၈ဝဝဝ ၁၂၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄ဝဝဝ ၃၄ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၂ဝဝဝ ၃၂ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၃ဝဝဝဝ ၃ဝဝဝဝ တီစူပါ (တရုတ်) မျှား 46% ၂၈၅ဝဝ ၂၈၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၄ဝဝဝ ၁၄ဝဝဝ MIRT (MAPT)
Background