မေလအတွင်း ဘိလပ်မြေတန်ချိန် တစ်သိန်းကျော်တင်သွင်းခဲ့ မေ ၂၉ ရက်မှ ဇွန် ၄ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၆၉ဝ၅ ဒသမ ၇၄ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းခုနစ်သောင်းနီးပါးဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေက ကိုရီးယားနိုင်ငံမှ တန် ၅ဝဝ၊ ပါကစ္စတန်နိုင်ငံမှ ဆင်တံဆိပ် ဘိလပ်မြေ တန်ချိန် ၆၃၇၊ စင်ကာပူနိုင်ငံမှ သုည ဒသမ ၁ တန်၊ ထိုင်းနိုင်ငံမှ CROCODILE ဘိလပ်မြေ တန်ချိန် ၈ ဒသမ ၆၄၊ ANCHOR ဘိလပ်မြေ တန်ချိန် ၅၇ဝဝ နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၆ဝ အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် သုံးသောင်းနီးပါးရှိခဲ့တာ တွေ့ရပါတယ်။ လခုျပ်အနေနဲ့ ကြည့်မယ်ဆိုရင် မေလ ဘိလပ်မြေတင်သွင်းမှုမှာ စုစုပေါင်း တန်ချိန် ၁ဝ၁၄၅ဝ တင်သွင်းခဲ့ပြီး ဧပြီလ ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ခြောက် သောင်းကျော်ရှိခဲ့တာကြောင့် မေလမှာ တန်ချိန်လေးသောင်းကျော် ပိုမိုတင်သွင်းခဲ့ တာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေတင်သွင်းမှု လျော့ မောင်တောနဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ဝ၉၅ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၁၁၈၆ တန် တင်သွင်းမှု ရှိခဲ့ပါတယ်။ တာချီလိတ်မှ ၁၁၁၆ တန်နဲ့ မောင်တောမှ တန် ၇ဝ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ယခင်အပတ်ကထက် တန် ၂၅ဝဝ နီးပါး လျော့နည်းတင်သွင်းခဲ့ပါတယ်။ တည်ဆောက်ရေး လုပ်ငန်းများအတွက် အဓိက ဘိလပ်မြေတင်သွင်းတဲ့ ကန်ပိုက်တီးစခန်းက ယခုအပတ်မှာ တင်သွင်းခြင်းမရှိတဲ့အပြင် မူဆယ်နဲ့ မြိတ်နယ် စပ်များကလည်း ဘိလပ်မြေတင်သွင်းမှု မရှိတဲ့အတွက် သိသိသာသာ လျော့ကျခဲ့ တာဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ် တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝ ၄၉၅ဝ ဘိလပ်မြေ (ကျောက်ဆူး) ၄၆၅ဝ ၄၆၅ဝ ဘိလပ်မြေ (ပါကစ္စတန်-ဆင်) ၄၆ဝဝ ၄၆ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၇ဝဝ ၆၇ဝဝ ဘိလပ်မြေ (AAA) ၅၇ဝဝ ၅၆ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ၅ဝဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၂ဝဝ ၆၂ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၈ဝဝ ၆၄ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၈ဝဝ ၅၈ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း - ၆၅ဝဝ - ဘိလပ်မြေ(ကျားခေါင်း) ၆ဝဝဝ ၆၁ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၅ဝ ၅၂ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၇ဝဝ ၅ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၆၅ဝ ၅ဝ၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ၆၅ဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း - ၆ဝဝဝ - MIRT (MAPT)
Background