Main menu

Background

ပြည်တွင်းနို့ဆီ လက်လီဈေးများ

Sun, 06/12/2011 - 06:15 -- Anonymous (not verified)

ဒွန်းနို့ဆီနဲ့ အိုကေနို့ဆီ၊နို့စိမ်းတင်သွင်း              မေ ၂၉ ရက်မှ ၄ ရက်တာကာလ အတွင်း နို့ဆီတန်ချိန် ၄၉၄ ဒသမ ၇၇ တန်နဲ့ နို့စိမ်း ၁၃၄ ဒသမ ၂၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက် သိန်းငါး သောင်းကျော်ဖိုးကို ပင်လယ် ရေကြောင်းကနေ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ နို့ဆီသာမက နို့စိမ်း ပါ တင်သွင်းလာတာ တွေ့ရပါတယ်။ ဒွန်းတံဆိပ် နို့ဆီ၊ အိုကေတံဆိပ်နို့ဆီနဲ့ အိုကေတံဆိပ် နို့စိမ်းပါ ဒီတစ်ပတ်မှာ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီတင်သွင်းမှုမရှိဘဲ နို့စိမ်း ၂၄၇ တန် တင်သွင်းလာတာကြောင့် ဒီတစ်ပတ် နို့စိမ်းတင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၁ ဆနီးပါး လျော့နည်းတင်သွင်းလာတာ တွေ့ရပါတယ်။ လချုပ်အနေနဲ့ မေလ မှာ နို့စိမ်းတင်သွင်းမှုက တန်ချိန် ကိုးရာ့ ရှစ်ဆယ်ကျော်ရှိခဲ့ပြီး နို့စိမ်းတင်သွင်း မှုက တန်ချိန် ခုနစ်ရာ့ခြောက်ဆယ်နီး ပါးရှိခဲ့ပါတယ်။ ဧပြီလမှာ နို့စိမ်းတင် သွင်းမှုမရှိခဲ့ဘဲ နို့ဆီက တန်ချိန် တစ် ထောင့်ငါးရာကျော်ရှိခဲ့တာကြောင့် မေ လမှာ နို့ဆီတင်သွင်းမှု လျော့နည်းခဲ့ပြီး နို့စိမ်းတင်သွင်းမှုက ပိုမိုခဲ့ပါတယ်။ နို့မှုန့်တင်သွင်းမှုမှာ ဒီတစ်ပတ်မှာ ၁၂ တန်ကျော်ရှိခဲ့ပြီး ယခင်သီတင်းပတ် တင်သွင်းမှုက ၈ တန်ကျော်သာရှိခဲ့တာ ကြောင့်ဒီတစ်ပတ်မှာ အဝင်ပိုခဲ့ပါတယ်။ လခုျပ်အနေနဲ့ မေလမှာ နို့မှုန့်တင်သွင်း မှုက စုစုပေါင်း တန်ချိန်သုံးရာကျော် ရှိ ခဲ့ပြီး ဧပြီလတင်သွင်းမှုကတန်ချိန် ငါးရာ ကျော်ရှိခဲ့တာကြောင့် မေလမှာ ဧပြီလ ထက် အဝင်လျော့နည်းခဲ့တာ တွေ့ရပါ တယ်။ MIRT (DOT) နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်                 ဇွန်လဆန်း ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁၄၅၈၉၁တန်ဖိုးရှိ နို့မှုန့် ၅၁ တန်ကျော် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နို့မှုန့် ၁၉ တန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ နို့ဆီ၊ နို့စိမ်း တင်သွင်းမှုကိုတော့ ကော့သောင်းနယ် စပ်မှဆောင်ရွက်ခဲ့ပါတယ်။ကန်ဒေါ်လာ ၃၂ဝဝဝ တန်ဖိုးရှိ နို့ဆီ ၂ဝဝဝသေတ္တာ (၃၈ တန်)နဲ့ ကန်ဒေါ်လာ ၅၂ဝဝဝ တန်ဖိုးရှိ နို့စိမ်း ၆ဝဝဝ သေတ္တာ (၁၁၃ တန်) တင်သွင်းခဲ့တာဖြစ်တဲ့အတွက် ယခင် အပတ်ကထက် နို့ဆီသေတ္တာ ၈ဝဝ၊ နို့စိမ်းသေတ္တာ ၁၄၂ဝဝ လျော့ နည်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ                နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်   နို့ဆီလက်လီဈေး      ကျပ်/တစ်ဘူး                                ရန်ကုန်       မန္တလေးဒွန်း( နို့ဆီ )                  ၇၈ဝ          ၇၉၅ဒွန်း( နို့စိမ်း)                 ၇၃ဝ           ၇၄၅Falcon နို့ဆီ                 ၆၅ဝ          ၆၆၅Happy Cow(အနီ)        ၆ဝဝ          ၆၁၅Happy Cow  (အပြာ)    ၆၈ဝ           ၆၉၅အိုကေနို့ဆီ                   ၇၂ဝ          ၇၃၅MIRT (DOT)