Main menu

Background

အိန္ဒိယကားအရောင်းတိုးတက်မှု နှစ်နှစ်အတွင်း အနိမ့်ဆုံးဖြစ်

Mon, 06/13/2011 - 07:46 -- Anonymous (not verified)

အိန္ဒိယကားအရောင်းတိုးတက်မှု နှစ်နှစ်အတွင်း အနိမ့်ဆုံးဖြစ်                 ကုန်ဈေးနှုန်းတွေ၊ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်မှုနဲ့ ချေး ငွေတွေ အတိုးနှုန်း မြင့်မားတဲ့အတွက် အိန္ဒိယမှာကားဝယ်သူတွေ အရောင်းပြခန်းအနီး မသီနိုင်အောင်ဖြစ်ခဲ့ရတယ်။ ဒါကြောင့် အိန္ဒိယရဲ့ မေလ ကားအရောင်းမြှင့်တက်မှုနှုန်းက နှေးကွေးနေတယ်လို့ လုပ်ငန်း ဆိုင်ရာ စာရင်းဇယားတွေမှာ ဇွန် ၉ ရက်တွင်တွေ့ရပါတယ်။ ကား အရောင်း က ၂ဝ၁ဝ ပြည့်နှစ် မေလက စင်းရေ ၁၄၈ ၄၂၅ စင်းရှိပြီး ၂ဝ၁၁ ခုနှစ်ကာလတူမှာ ၇ ရာခိုင်နှုန်းသာ တိုးတက်ပြီး စင်းရေ ၁၅၈ ၈၁၇ စင်းသာ ရှိခဲ့တယ်လို့ အိန္ဒိယ မော်တော်ကား ထုတ်လုပ်သူများ အသင်းက ပြောပါတယ်။  Ref. AFP