Main menu

Background

နိုင်ငံတကာဈေးကွက်

Tue, 02/09/2010 - 07:49 -- Anonymous (not verified)

     ၂၀၁၀ ခုနှစ် ပထမသုံးလအတွင်း တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှုဟာ မနှစ်က ကာလတူတင်သွင်းမှုထက် ၁၈ ဒသမ ၂၃ ရာခိုင်နှုန်း ခန့်မြင့်တက်နိုင်ပြီး တန်ချိန် ၁၂ သန်းကျော်လွန်ဖွယ်ရှိတယ်လို့ တရုတ်နိုင်ငံ ကောက်ပဲသီးနှံနဲ့ ဆီ သတင်းထုတ်ပြန်ရေးဌာနက ဇန်န ဝါရီလ ၁ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၀၉ခုနှစ် စတုတ္ထ ၃လအတွင်း ပဲပုပ် တန်ချိန်   ၁၀ ဒသမ ၁၉ သန်း တင်သွင်းခဲ့ပါတယ်။      ဇန်နဝါရီလအတွင် ပဲပုပ်တင်သွင်း မှုဟာ တန်ချိန် ၄ ဒသမ ၂ သန်း ခန့်ထိ ရောက်ရှိနိုင်ပြီး ဖေဖော်ဝါရီလမှာ လည်း အဲဒီပမာဏ အတိုင်းဆက်လက် တင်သွင်းဖွယ်ရှိပါတယ်။ မတ်လ အတွင်း တောင်အမေရိကားက ပဲပုပ် တန်ချိန် ၃ ဒသမ ၈ သန်းထိ တင်သွင်းဖို့ ခန့်မှန်းထားပါတယ်။ ၂၀၀၉ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု ဟာ တန်ချိန် ၄၂ ဒသမ ၅၅ သန်းရှိလို့ ၂၀၀၈ ခုနှစ်ကထက် ၁၃ ဒသမ ၇ ရာခိုင်နှုန်းမြင့် တက်ခဲ့ပေမဲ့ ပြည်တွင်း ထုတ်လုပ်မှုကတော့ ၆ ဒသမ ၇ ရာခိုင် နှုန်းကျဆင်းပြီး တန်ချိန် ၁၄ ဒသမ ၅ သန်းသာ ရှိတယ်လို့ ဆိုပါတယ်။ ပြည်တွင်းလိုအပ်ချက်ရဲ့ ၇၀ ရာခိုင်နှုန်းကို နှစ်စဉ် အမေရိက၊ ဘရာဇီးနဲ့ အာဂျင်တီးနားနိုင်ငံတွေက တင်သွင် ရပါတယ်။                                                                                                                               ယမင်းခင်                                                                                                             Sources: bloomberg.com