ဈေးမာလာတဲ့ မန်းပဲကြီး မန်းပဲဈေးကွက်သို့ တိုင်းအတွင်းဒေသများမှ ပဲကြီးများ ဆက်လက်အဝင်ရှိနေပြီး ရန်ကုန်ဝယ်လက်နှင့် ဒေသ တွင်းပဲကြော်ဖိုသမားများ အဝယ်ရှိတာကြောင့် တစ်ရက်ကိုအိတ် ၅ဝဝ ဝန်းကျင်ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရပါတယ်။ ဇွန်ပထမပတ် ပဲကြီးတစ်ပိဿာကို အမြင့်ဈေး ၈၃၃ ကျပ်၊ အနိမ့်ဈေး ၈၁၄ ကျပ် ဈေးရှိခဲ့ပြီး၊ ဒုတိယပတ်မှာတော့အမြင့်ဈေး ၉၄၁ ကျပ်၊ အနိမ့်ဈေး ၉ဝ၅ကျပ်ဖြင့်ဈေးမာလာတာတွေ့ရပါတယ်။ ယခုအပတ် မှာတော့အမြင့်ဈေး ၉၉၅ ကျပ် မှအနိမ့်ဈေး ၉၄၁ ကျပ်ဖြင့် ဈေးမြင့်ရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။ တရုတ်လှောင်လက်သမားများမှ ပြန်လည်အဆွဲများလာတာကြောင့် ဈေးမာလာပြီး တင်ပို့မှုအနေနဲ့ ကတော့ ဖေဖော်ဝါရီလမှာ ၃၃ တန်၊ မတ်လမှာ ၆၅၄ တန် အများဆုံးတင်ပို့ခဲ့ပြီး ဧပြီလမှာတော့ ၅၈၂ တန်ခန့်၊ မေလမှာ ၂၆၅တန် တင်နိုင်ခဲ့ပါတယ်။ ယခုဇွန်တတိယပတ်အထိတန် ၂၄၆ ခန့် တင်ပို့ပြီး ဖြစ်ကြောင်းသိရှိရပါတယ် မိုးးမိုးးအေး
Background