Main menu

Background

ဈေးငြိမ်ပြီးအရောင်းအဝယ်သွက်တဲ့ ပြည်မြေပဲဆံ

Tue, 07/05/2011 - 07:33 -- Anonymous (not verified)

ဈေးငြိမ်ပြီးအရောင်းအဝယ်သွက်တဲ့ ပြည်မြေပဲဆံ               ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာယခင်အပတ်အတိုင်း ဈေးငြိမ်နေတာတွေ့ရပါတယ်။ အောင်လံနဲ့ ကံမဘက်မှ တစ်နေ့ ကို မြေပဲဆံအိတ် ၁ဝဝဝ ခန့် ဝင်ရောက်လာသဖြင့် ဆီစက်သမားများကြောင့် အရောင်းအဝယ်သွက်လျက်ရှိပါတယ်။ ဆီကြိတ် မြေပဲဆံတစ်ပိဿာကို ၁၈ဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေပြီး လုံးဆံကို ရန်ကုန်ဝယ်လက်များမှ အဝယ်ရှိသဖြင့် တစ်ပိဿာကို ၂ဝဝဝ ကျပ်ဈေးထိ ဈေးမြင့်လာတာတွေ့ရပါတယ်။ မြေပဲဆံဈေးမှာလည်း ယခင်အပတ်အတိုင်း တစ်ပိဿာ ၄ဝဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း