Main menu

Background

ပြည်တွင်း နို့ဆီလက်လီဈေးများ

Tue, 07/12/2011 - 07:47 -- Anonymous (not verified)

နို့ဆီ၊ နို့စိမ်း အဝင်များခဲ့                    ဇွန်လ နောက်ဆုံးပတ်မှာတော့ နို့ဆီတန်ချိန် ၄၅၃ ဒသမ ၅၂ တန်နဲ့ နို့စိမ်း ၂၇၄ ဒသမ ၁၉ တန်၊ စုစုပေါင်း တန်ချိန် ၇၂၇ ဒသမ ၇၁ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ခုနစ်သိန်းရှစ် သောင်းနီးပါးဖိုးကို ပင်လယ်ရေကြောင်း မှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်း ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပြီး ဒွန်း နို့ဆီနဲ့ နို့စိမ်း၊ မာရီဂိုးနို့ဆီနဲ့ အိုကေ နို့ဆီတို့ တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ ယခင်သီတင်းပတ် နို့ဆီတင်သွင်းမှုမှာ တန်ချိန် တစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် ၄ ဆကျော် လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ နို့စိမ်းတင်သွင်းမှုမှာ ယခင် သီတင်းပတ်တန်ချိန် နှစ်ရာ့ငါးဆယ် ကျော်ရှိခဲ့တာမို့ ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် အနည်းငယ် ပိုမိုတင်သွင်းနိုင် ခဲ့ပါတယ်။                     ဇွန်လတစ်လရဲ့ နို့ဆီ၊ နို့စိမ်း အဝင်မှာ စုစုပေါင်းတန်ချိန် နှစ်ထောင့် တစ်ရာကျော်ရှိခဲ့ပြီး မေလရဲ့အဝင်မှာ တန်ချိန် တစ်ထောင့်ခုနစ်ရာကျော်ရှိခဲ့ တာကြောင့် ဇွန်လမှာ နို့ဆီ၊ နို့စိမ်း တန်ချိန်လေးရာနီးပါး ပိုမိုတင်သွင်းနိုင် တာ တွေ့ရပါတယ်။                 နို့မှုန့်က တရုတ်၊ မလေးရှား၊ နယူး ဇီလန်၊ ယူအက်စ်အေ၊ စင်ကာပူ၊ ဒိန်း မတ်နဲ့ အင်ဒိုနီးရှားစသည်ဖြင့် နိုင်ငံစုံမှ တန်ချိန် ခြောက်ရာကျော် မှာယူတင် သွင်းခဲ့ပါတယ်။ MIRT (DOT) ယခုအပတ် နယ်စပ်မှနို့ဆီ၊ နို့စိမ်းအပြင် နို့မှုန့်လည်း အသွင်းရှိ              ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက် ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃၄၁၆၆ တန်ဖိုးရှိ နို့မှုန့် ၁၂ တန်၊ ကော့သောင်း နယ်စပ်မှ ကန်ဒေါ်လာ ၄၅ဝ၉၂ တန်ဖိုး ရှိ နို့ဆီ ၅၂ ဒသမ ၈၄၂ တန် (၂၇၈၇ သေတ္တာ)နဲ့ ကန်ဒေါ်လာ ၃၃ဝ၅ဝ တန်ဖိုးရှိ နို့စိမ်း ၃၄ ဒသမ ၁၂၈ တန် (၁၈ဝဝ သေတ္တာ) အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တင်သွင်းမှုများ လျော့နည်းခဲ့ပါတယ်။   MIRT (DOBT) ပြည်တွင်း နို့ဆီလက်လီဈေးများ                  နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်နို့ို့ဆီလက်လီဈေး         ကျပ်/တစ်ဘူး                         ရန်ကုန်   မန္တလေးဒွန်း( နို့ဆီ )               ၇၇ဝ    ၈ဝဝဒွန်း( နို့စိမ်း)               ၇ဝဝ    ၇၅ဝFalcon နို့ဆီ               ၆၃ဝ      -Happy Cow  (အနီ)    ၅၈ဝ       -Happy Cow (အပြာ)   ၆၂ဝ       -အိုကေ( နို့ဆီ)             ၆၇ဝ     ၇ဝဝအိုကေ( နို့စိမ်း)            ၆၇ဝ    ၇ဝဝMIRT (DOT)