Main menu

Background

ပြည်ဈေးကွက်မှာ မိုးကြိုပဲတီစိမ်းသစ်များ ဝင်ရောက်မှုများပြီး အရောင်းသွက်

Tue, 07/12/2011 - 08:28 -- Anonymous (not verified)

ပြည်ဈေးကွက်မှာ မိုးကြိုပဲတီစိမ်းသစ်များ ဝင်ရောက်မှုများပြီး အရောင်းသွက်             ပဲခူးတိုင်းဒေသကြီး (အနောက်)အတွင်း မိုးပဲတီစိမ်းကို ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ် များတွင် အများဆုံးစိုက်ပျိုးပြီး ဇွန်လကုန်အထိ ဧက ၃၁ဝဝ ကျော် စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ပြည်ဈေးကွက်သို့ ဇွန်လနောက်ဆုံးပတ်မှစ၍ မိုးကြိုပဲတီစိမ်းသစ်များ ဝင်ရောက်လာပြီး တစ်တင်းလျှင် ကျပ် ၁၅ဝဝဝ ဈေးဖြင့် အရောင်းအဝယ်ရှိခဲ့ပါတယ်။ ဇူလိုင်ပထမပတ်တွင် ဒေသတွင်းမြို့နယ်များဖြစ်သော ပန်းတောင်း၊ ဥသျှစ်ပင်ဖက်မှ အဝင်ရှိသလို မင်းတုန်း၊ ကံမဘက်မှလည်း အဝင်ရှိလာတာကြောင့် တစ်ရက်လျှင် အိတ် ၂ဝဝ ကျော် ၃ဝဝ အထိ ဝင်ရောက်မှုများလာခဲ့တယ်။ တစ်တင်းလျှင် ကျပ် ၁၅၆ဝဝ ဖြင့် ရန်ကုန်ဝယ်လက်များ အဝယ်ရှိတဲ့အတွက် တစ်ရက်လျင် အိတ် ၄ဝဝ ကျော်အထိ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း