မန်းရွှေဈေး အတက်မို့ ပြန်သွင်းသူများ မန္တလေးရွှေဈေးနှုန်းမှာ အထက်တန်းမှာ ရှိနေလို့ ရွှေဝယ်ယူမှုထက် ပြန်သွင်းသူများကြောင်း ဈေးကွက်အတွင်း မှ သိရပါတယ်။ အောင်သမာဓိရွှေဆိုင်မှ မဇင်က ''ရွှေဈေးနှုန်း ၆၅ဝဝဝဝ ကျပ်နှုန်းက စပြီး ဝယ်လက်တန့်သွားခဲ့တာ။ ဒီရက် ပိုင်းမှ ကျပ် ၆၆ဝဝဝဝ ရှိတော့ အဝယ်တန့်ပြီး ပြန်သွင်းသူများနေတယ်။ လက်ဝတ်လက်စားလောက်ပဲ ရောင်းရတယ်။ လက်ဝတ်လက်စား အထည်အခု ၂ဝ လောက်ရောင်းရရင် အခဲပြန် သွင်းတဲ့သူက နှစ်ပိဿာလောက် အရောင်းရှိတယ်။ မြန်မာငွေတန်ဖိုး မြင့်လာတော့ ရှိတဲ့ ရွှေပြန်သွင်းသူများ လာတာ''လို့ ပြောပါတယ်။ ရွှေဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေး အတက်နှင့်အတူ မြန်မာရွှေဈေးနှုန်း ၆၆ဝဝဝဝ ကျပ်ကျော်ကျော် တက်လာ ခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက်က ကမ္ဘာ့ ရွှေဈေး ၁၅၉၂ ဒေါ်လာ၊ အောင်သမာဓိ ရွှေ ၆၆၂၅ဝဝ ကျပ်၊ ဇူလိုင် ၁၈ ရက်တွင် ကမ္ဘာ့ရွှေ ၁၆ဝဝ ဒေါ်လာ၊ အောင်သမာဓိရွှေ ၆၆၂၅ဝဝ ကျပ်၊ ဇူလိုင် ၁၉ ရက် ကမ္ဘာ့ရွှေဈေး ၁၆ဝ၇ ဒေါ်လာ၊ အောင်သမာဓိရွှေ ၆၆၄၅ဝဝ ကျပ်ရှိ၍ ယခုလအတွင်း ကျပ် တစ်သောင်းကျော် ဈေးနှုန်းတက်လာကြောင်း သိရပါတယ်။ ဇူးဇူး
Background