ထိုင်း၊ စင်ကာပူနဲ့ တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာများတင်သွင်း ဇူလိုင် ၂၄ ရက်မှ ၃ဝ ရက်အတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၂၃၂ ဒသမ ဝ၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းခုနစ်သောင်းကျော်ကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာမှာ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ ၁၁၇၆ တန်၊ တရုတ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာ ၅ဝ တန်နဲ့ စင်ကာပူနိုင်ငံမှ မြေသြဇာတန်ချိန် ၆ ဒသမ ဝ၉ တန် အသီးသီး မှာယူတင်သွင်း ခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုမှာ တန်ချိန် ရှစ်ရာကျော်သာ ရှိခဲ့တာကြောင့် ဒီသီတင်းပတ်အဝင် နဲ့ယှဉ်ရင် ၁ ဆခွဲလောက် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဇူလိုင်လတစ်လရဲ့ ဓာတ်မြေသြဇာအဝင် တန်ချိန် စုစုပေါင်းမှာ ၄၅၄ဝ ဒသမ ၂၉ တန်ရှိခဲ့ပြီး ဇွန်လရဲ့ ဓာတ်မြေသြဇာအဝင်တန်ချိန် စုစုပေါင်းမှာ ၉၉၃၆ ဒသမ ၅၈ ရှိခဲ့တာကြောင့် ဇူလိုင်လမှာ အဝင်ထက်ဝက်ကျော်လျော့နည်းပြီး တင် သွင်းခဲ့တာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာတန် ၁၈ဝဝဝ ကျော် အသွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ရိဒ်၊ မောင်တော၊ စစ်တွေ၊ ကော့သောင်းနဲ့ တာချီလိတ်နယ်စပ်များမှ ကန်ဒေါ်လာ ၃ ဒသမ ၆၈၇ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၈ဝ၃၇ တန်ခန့် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုများကတော့ မူဆယ်မှ ၁၇၁၉၆တန်၊ ရိဒ်မှ ၂၁၆ တန်ကျော်၊ မောင်တော မှ ၁၃၉ တန်ကျော်၊ စစ်တွေမှ ၅၆ တန်၊ ကော့သောင်းမှ ၄၁၂ ဒသမ ၅ တန်နဲ့ တာချီလိတ်မှ ၁၆ တန်ကျော် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၁၂၅၇ တန် ပိုမိုတင်သွင်းမှုရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း (၁ဝး၁ဝး၅)၊ တီစူပါ ဖော့စဖိတ်၊ ကွန်ပေါင်း (၁၅ ပတ်လည်) ၊ ကွန်ပေါင်း (၁၅း၅း၅) တို့ပဲဖြစ်ပါတယ်။ မောင်တောမှ ယူရီးယား ၊ ရိဒ်မှ ပိုတက်ရှ်၊ တာချီလိတ်မှ အမိုနီယမ်းနိုက်ထြိတ်၊ ကော့သောင်းနဲ့ စစ်တွေမှ ယူရီးယားတို့ တင်သွင်းလျက်ရှိကြပါတယ်။ ဇူလိုင်လအတွင်း နယ်စပ် စခန်းများမှ ဓာတ်မြေသြဇာ ၈ဝ၅၆၈ တန်ခန့် တင်သွင်းထားပြီးဖြစ်ပါတယ်။ ယခင် နှစ်ကာလတူမှာ ၁၃ဝ၉၃ တန်သာ အသွင်းရှိခဲ့တဲ့အတွက် ယခုနှစ်မှာ တန် ၆၇၄၇၅ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်) ပိုတက် (တရုတ်) - ၃၂၅ဝဝ - ယူရီးယား(နေရွက်လှေ-တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂၁၇ဝဝ ၂၁၇ဝဝ အာမို (ဒိုင်းမွန်းစတား) ၃၈၅ဝဝ ၃၈၅ဝဝ ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်) ၂၅ဝဝဝ ၂၅ဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၂ဝဝ ၂၂၂ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂ဝ၅ဝဝ ၂ဝ၅ဝဝ ကုလားအုတ် (တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂ဝ၅ဝဝ ၂၂ဝဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁ဝဝဝ ၂၂ဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁ဝဝဝ ၂၂ဝဝဝ တီစူပါ-(တရုတ်) 12% ၉၈ဝဝ ၉၅ဝဝ တီစူပါ-(တရုတ်) 16% ၁၁၅ဝဝ ၁၁၅ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၆၅ဝဝ ၃၅ဝဝဝ တီစူပါ 10:10:5 (တရုတ်) ၁၃၅ဝဝ ၁၅ဝဝဝ ပိုတက် (တရုတ်) ၂ဝ၅ဝဝ ၂၁ဝဝဝ ဓာတ်ဆား (တရုတ်) ၂ဝဝဝဝ ၁၈ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၆ဝဝဝ ၃၆ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၁၅ဝဝ ၃၁၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃ဝ၅ဝဝ ၃ဝ၅ဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၃၁ဝဝဝ ၃ဝ၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၉၅ဝဝ ၂၉၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၄ဝဝဝ ၁၄ဝဝဝMIRT (MAPT)
Background