Main menu

Background

DAWN နဲ့ MARIGOLDတံဆိပ် နို့ဆီများ တင်သွင်း

Sun, 08/07/2011 - 11:23 -- Anonymous (not verified)

DAWN နဲ့ MARIGOLDတံဆိပ် နို့ဆီများ တင်သွင်း                  ဇူလိုင်လ နောက်ဆုံးပတ်ဖြစ်တဲ့ ဇူလိုင် ၂၄ ရက်မှ ၃ဝ ရက်တာကာလ အတွင်း နို့ဆီတန်ချိန် ၈၇၄ ဒသမ ၆၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ရှစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း မှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းလာ တဲ့နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး DAWN တံဆိပ်နဲ့ MARIGOLD  တံဆိပ်နို့ဆီများဖြစ်ပါတယ်။ ယခင်သီ တင်းပတ်နို့ဆီအဝင်မှာ တန်ချိန် နှစ်ရာ့ ငါးဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်နို့ဆီအဝင်တန်ချိန်နဲ့ယှဉ်ရင် နှစ်ဆ ကျော်လောက ် ပိုမိုတင်သွင်းနိုင်ခဲ့ပါ တယ်။ ဒီသီတင်းပတ်မှာ နို့စိမ်းက တင် သွင်းခြင်းမရှိခဲ့ပါဘူး။ ဇူလိုင်လတစ်လရဲ့ နို့ဆီအဝင်တန်ချိန် စုစုပေါင်းမှာ ၁၇၃၅ ဒသမ ၆၄ တန်ရှိခဲ့ပြီး၊ ဇွန်လရဲ့ နို့ဆီ အဝင်စုစုပေါင်းမှာ တန်ချိန် ၁၅ဝ၄ ဒသမ ၂၈ တန်ရှိခဲ့တာကြောင့် ဇူလိုင်လ မှာ တန်ချိန် နှစ်ရာ့သုံးဆယ်ကျော် ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ နို့စိမ်း တင်သွင်း မှုမှာ ဇူလိုင်လမှာ တန်ချိန် သုံးရာ့ ခြောက်ဆယ်ကျော်ရှိခဲ့ပြီး ဇွန်လမှာ ခြောက်ရာ့ခြောက်ဆယ်ကျော် ရှိခဲ့တာ ကြောင့်ဇူလိုင်လမှာအဝင်တစ်ဆလောက် လျော့နည်းပြီး တင်သွင်းခဲ့ပါတယ်။ နို့မှုန့်က ဒီသီတင်းပတ်မှာ နယူးဇီ လန်နဲ့ မလေးရှားနိုင်ငံတို့မှ တင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ်မှာ ၁၅ တန် နီးပါးတင်သွင်းခဲ့ပေမဲ့ ဒီသီတင်းပတ်မှာ တော့ ၇၅ တန်နီးပါးတင်သွင်းနိုင်ခဲ့တာ ကြောင့် ဒီသီတင်းပတ်မှာ နို့မှုန့်အဝင် ပို့ခဲ့ပါတယ်။ MIRT (DOT)  မူဆယ်နယ်စပ်မှ နို့မှုန့်အသွင်းရှိ                   ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက် ထိကာလအတွင်း ကော့သောင်းနယ်စပ် မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၇၂ သန်း တန်ဖိုးရှိ နို့ဆီ ၆၈တန်(၃၆ဝဝ သေတ္တာ) နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၂ သန်း တန်ဖိုးရှိ နို့စိမ်း ၂ဝ၇ တန် (၁ဝ၉ဝဝ သေတ္တာ) အသွင်းရှိခဲ့ပါတယ်။ ယခင် အပတ်ထက် နို့ဆီ ၉တန်(၄၅၉သေတ္တာ) လျော့နည်း တင်သွင်းခဲ့သော်လည်း နို့စိမ်း ၁၂၂ တန် (၆၄ဝဝ သေတ္တာ) တင်သွင်းမှုပိုမိုခဲ့ပါတယ်။ နယ်စပ်စခန်း များမှ ဇူလိုင်လမှာ နို့ဆီ ၂၉၅ တန်ခန့် (၁၅၅၄၆ သေတ္တာ)နဲ့ နို့စိမ်း ၅၂၅ တန် ကျော် (၂၇၇ဝဝ သေတ္တာ) တင်သွင်း ထားပြီးဖြစ်ပါတယ်။ နို့ဆီ ၁ သေတ္တာ ကို တစ်ဖက်နိုင်ငံပေါက်ဈေး ၆၂ဝ ဘတ် (၂၁ ဒေါ်လာခန့်) နဲ့ နို့စိမ်း ၁ သေတ္တာ ကို ၆၄ဝ ဘတ် (၂၂ ဒေါ်လာခန့်) ဈေး ပေါက်လျက်ရှိပါတယ်။ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်နိုင်ငံမှ ကန်ဒေါ်လာ ဝဒသမ ဝ၉၄ သန်းတန်ဖိုးရှိတဲ့ နို့မှုန့် ၃၃ တန်ကျော် ယခုအပတ်မှာ အသွင်းရှိခဲ့ပြီး ယခင် အပတ်ကထက် ၂ တန်ကျော် ပိုမိုတင် သွင်းခဲ့ပါတယ်။ ဇူလိုင်လတစ်လလုံး မူဆယ်နယ်စပ်မှ နို့မှုန့် ၁၁၅တန်အသွင်း ရှိခဲ့ပြီး ယခင်နှစ်ကာလတူမှာ ၇၅ တန် ခန့်သာ အသွင်းရှိခဲ့တာမို့ ယခုနှစ်မှာ တန် ၄ဝ ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOBT)