Main menu

Background

ကမ္ဘာ့အကြီးမားဆုံး မြစိမ်းရောင်စွမ်းအင် စီမံကိန်းများ

Thu, 02/18/2010 - 06:05 -- Anonymous (not verified)

   ''အမေရိကန်လူမျိုးတွေက သန့်ရှင်းတဲ့ စွမ်းအင်လုပ်ငန်းတွေကိုပိုမိုဆောင်ရွက်လာအောင် ကျွန်တော်တို့လုပ်ဆောင်ရပါမယ်''လို့ ဖေဖော်ဝါရီ ၃ရက်နေ့ပြောကြားခဲ့တဲ့ ပြည်ထောင်စုအခြေအနေမိန့်ခွန်းမှာ အမေရိကန် သမ္မတအိုဘားမားကပြောကြားခဲ့ပါတယ်။ ဒီစွမ်းအင်တွေကသန့်ရှင်းမှုရှိပြီး စွမ်းအင်အရင်းအမြစ်ကလည်း ပြည်တွင်းမှာပဲရနိုင်တဲ့ စွမ်းအင်တွေဖြစ်လို့ အစိုးရကအားပေးခဲ့တဲ့ အတွက် ဒီစွမ်းအင်ကိုရရှိရေးလုပ်ငန်းဟာအလျင်အမြန်တိုးတက်လာခဲ့ပါတယ်။   ၂၀၀၉ ခုနှစ်က လေအင်အားသုံးစွမ်းအင်ထုတ်လုပ်မှုဟာ ၃၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဒီလုပ်ငန်းဟာ လွန်ခဲ့တဲ့ငါးနှစ်တာ ကာလ အတွင်း နှစ်စဉ် ၃၅ ရာခိုင် နှုန်းတိုးတက်ခဲ့တယ်လို့ အမေရိကန် လေစွမ်းအင်လုပ်ငန်းက လွန်ခဲ့တဲ့သီတင်းပတ်အတွင်းကပြောကြားခဲ့ ပါတယ်။ အလားတူပဲ နေစွမ်းအင်ထုတ်လုပ်ရေး လုပ်ငန်းတွေကို ဥရောပ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာ အစိုးရက အားပေးမှုတွေရှိနေ ပါတယ်။    ကမ္ဘာပေါ်မှာ ပြန်ပြည့်မြဲစွမ်းအင် စီမံကိန်းကြီး ၁၀ ခုကို အကောင်အထည်ဖော်လျက်ရှိရာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကတည်းက  စီမံကိန်း ငါးခုကို ပြီးမြောက်အောင်အကောင်အထည်ဖော်ခဲ့ပြီးဖြစ်ပါတယ်။ပြန်ပြည့်မြဲ    စွမ်းအင်အကောင်အထည်ဖော်ရာမှာတွေ့ရတဲ့ အခက်အခဲက ကျန်ကျစရိတ်များပြားတာပဲ ဖြစ်ပါတယ်။ ထုတ်လုပ်နိုင် စွမ်းရည်ဘက်က ကြည့်ရင်လည်း  နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုဟာ အမြင့်ဆုံး ထုတ်လုပ်နိုင်မှုရဲ့ ၉၅ ရာခိုင်နှုန်းကို ထုတ်လုပ်နိုင် ပေမဲ့ လေစွမ်းအင်က နေရာအနေအထားပေါ်မူတည်ပြီး  သူရဲ့အမြင့်ဆုံး ထုတ်လုပ်နိုင်မှုစွမ်းရည်ရဲ့ ၂၀ ရာခိုင်နှုန်း ကနေ ၄၀ ရာခိုင် နှုန်း၊ နေစွမ်းအင် က ၁၀ ရာခိုင်နှုန်းက ၂၀ ရာခိုင် နှုန်းထိသာထုတ်လုပ်နိုင်ပါတယ်။ Source: forbe's.comဉာဏ်တင်