Main menu

Background

၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အတွင်း ပါကစ္စတန် ဆန်တန်ချိန် ၄ ဒသမ ၆ သန်းဝန်းကျင် တင်ပို့ကာ ဝင်ငွေ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရရှိရန် ရည်မှန်း

Tue, 08/23/2011 - 10:58 -- Anonymous (not verified)

၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အတွင်း ပါကစ္စတန် ဆန်တန်ချိန် ၄ ဒသမ ၆ သန်းဝန်းကျင် တင်ပို့ကာ ဝင်ငွေ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရရှိရန် ရည်မှန်း                 ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အတွင်း ပါကစ္စတန် ဆန်တန်ချိန် ၄ ဒသမ ၆ သန်း ဝန်းကျင်တင်ပို့ကာ ဝင်ငွေ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရရှိဖို့ ရည်မှန်းထားကြောင်း သိရတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၃ ဒသမ ၇ သန်း တင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၂ ဒသမ ဝ၂ ဘီလီယံရရှိခဲ့တယ်လို့ ပါကစ္စတန် ဆန်တင်ပို့သူများ အသင်းဥက္ကဌက ပြောကြားတယ်။                  ပါကစ္စတန်က ဘာစမာတီဆန်ကိုလည်း တန်ချိန်များစွာ တင်ပို့နေရတဲ့ နိုင်ငံဖြစ်ရာ ဘာစမာတီဆန် အများစုကို အရှေ့ အလယ်ပိုင်းနဲ့ အီရန်နိုင်ငံတွေကို တင်ပို့နေရကြောင်း သိရတယ်။ ဘာစမာတီမဟုတ်တဲ့ ဆန်ကို အာဖရိကနဲ့ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နေရကြောင်း ၊ ဈေးကွက်သစ်တွေ ထပ်မံရှာဖွေနေကြောင်း ၊ လက်ရှိဘဏ္ဍာနှစ်မှာ တောင်အာဖရိက ၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် ဈေးကွက်တွေကို အဓိကပို့ကုန်ဈေးကွက်တွေအဖြစ် သတ်မှတ်ထားကြောင်း သိရတယ်။ ပါကစ္စတန် ဆန်ရဲ့ အဓိက ယှဉ်ပြိူင်ဘက်ဆန်တွေမှာ ဗီယက်နမ်ဆန်နဲ့ ထိုင်းဆန်တို့ဖြစ်ကြောင်း ပါကစ္စတန်ဆန် တင်ပို့သူများ အသင်းဥက္ကဌ က  ပြောကြားတယ်လို့ သိရပါတယ်။ ပပ၊Source:dailytimes.com.pk