လောလောဆယ် အနေအထားအရ ကမ္ဘာတစ်ဝန်းတွင် ရွှေသည်သာလျှင် ငွေကြေးဖြစ်လာ အမေရိကန်နဲ့ အီးယူဒေသမှာ ရင်ဆိုင်နေရတဲ့ေြွကးမြီပြဿနာတွေကြောင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တုံ့ ဆိုင်းသွားနိုင်တယ်လို့ စိုးရိမ်လာကြပြီး ကမ္ဘာ့အနံှ့ ဗဟိုဘဏ်တွေနဲ့ ရင်းနှီးမြှုပ်နံှ သူတွေက ရွှေကိုသာ ဝယ်လိုအားမြင့် မားလာကြတယ်။ ဒါကြောင့် ရွှေဈေးနှုန်းက နှစ် ၃ဝ ကျော် ကာလအတွင်း အမြင့်ဆုံးနှုန်းနဲ့ ဆက်လက်မြင့်မား ဦးမယ်လို့ သုံးသပ်ကြတယ်။ အဓိကမှာ နှစ်ကုန်ပိုင်းကာလကချက်ချင်းအရောင်းရွှေတစ်အောင်စကို ကန်ဒေါ်လာ၂ဝဝဝ အထိ ရောက်ရှိနိုင်ကြောင်း သု တေ သီတွေက ခန့်မှန်းကြတယ်။ ၎င်း ဈေးနှုန်းအထိ မြင့်မားပါက ယခုနှစ်အတွင်း ရွှေဈေးနှုန်း ၄ဝ ရာခိုင် နှုန်း မြင့်မားခြင်းဖြစ်ကြောင်း ၊ ၁၉၇၉ ခုနှစ်က တစ်နှစ်အတွင်း ရွှေဈေးနှုန်း ၁၂၇ ရာခိုင်နှုန်းအထိ မြင့်မားဖူးကြောင်း Bloomberg စာရင်းဇယား အချက် အလက်တွေအရ သိရတယ်။ သြဂုတ် ၂၂ရက်သတင်းအရ ချက်ချင်းအရောင်း ရွှေက တစ်အောင်စကို ၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်မားကာ ၁၈၈၁ ဒသမ ၇၅ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ၁၈၇၉ ဒသမ ၇ဝ ဒေါ်လာနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရတယ်။ လောလော ဆယ်အနေအထားအရ ကမ္ဘာတစ်ဝန်း မှာ ရွှေကိုသာ ငွေကြေးဖြစ်လာတယ်လို့ ဆိုရမှာဖြစ်ကြောင်း ၊ ငွေကြေးနဲ့ ဘဏ္ဍာ ရေးမူဝါဒချမှတ်သူတွေက လောလော ဆယ်မှာ ဘယ်အရာကိုမှ လုပ်ကိုင်လို စိတ်ရှိမယ်မထင်ကြောင်း၊ လက်ရှိဖြစ် ပေါ်နေတဲ့ ကမ္ဘာ့ငွေကြေးပြဿနာတွေ ကို ဖြေရှင်းလိုက်တိုင်း အမှားသာကြုံ နေရကြောင်း စီးပွားရေးပညာရှင် Dennis Gartman က ပြောကြားတယ်။ ၎င်းက ၂ဝဝ၈ ခုနှစ်အတွင်း ကုန်ပစ္စည်း ဈေးနှုန်းတွေ ကျဆင်းခဲ့မှုအပေါ် မှန် ကန်စွာ သုံးသပ်နိုင်ခဲ့သူဖြစ်တယ်။ Source:Bloomberg.com, ပပ
Background