ပွင့်လန်းလာသည့် ပို့ကုန် အခွင့်အလမ်းနှင့် အတူ ဂျပန်ကိုသွားသည့် နှမ်းညို ပို့ကုန်တိုးမြှင့်ရေး ရည်ရွယ်ချက်နဲ့ ၂ဝ၁၁ ခုနှစ် သြဂုတ်လနောက်ဆုံးပတ် မှာ ယခင်က ပြည်ပကိုတင်ပို့ ခွင့်မပြု ခဲ့တဲ့ မြေပဲ၊ မြေပဲဆီ၊ နှမ်းနီ၊ နှမ်းညိုနဲ့ နှမ်းဆီတို့ကို တင်ပို့ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ပို့ကုန်ဆိုင်ရာ ဖြေလျော့မှု ပေး လိုက်တဲ့ အခွင့်အရေးကို လက်လွတ် မခံဘဲ ပို့ကုန်လုပ်ငန်းရှင်ကုမ္ပဏီတစ်ခုမှ နှမ်းညိုတန်ချိန် ငါးရာကျော်ကို ဂျပန် နိုင်ငံကိုတင်ပို့ခွင့်ကို ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှာ လာရောက် လျှောက်ထားခဲ့ကြောင်းသတင်းရရှိပါတယ်။ ၎င်းကုမ္ပဏီမှ လျှောက်ထားတဲ့ ပို့ကုန်လိုင်စင်ကို ၂၄ နာရီအတွင်းရရှိခဲ့ပြီး ၂ဝ၁၁ခုနှစ် စက်တင်ဘာလ ၁ ရက် မှာ ပို့ကုန်လိုင်စင်ထုတ်ယူရရှိပြီ ဖြစ်ပါ တယ်။ ပို့ကုန် အခွင့်အလမ်းကို နိုင်ငံတော်မှ ဖွင့်ပေးတာနဲ့အတူ ပို့ကုန်လုပ် ငန်းရှင်တွေကလည်း ဈေးကွက်သစ်တွေ ရရှိရေး၊ ရရှိပြီးဈေးကွက် မပျက်ရေး၊ ပြည်ပကို တိုးခဲျ့တင်ပို့နိုင်ရေး၊ ပို့ကုန် ပမာဏတိုးတက်ရေးတို့အတွက် မိမိတို့ ရဲ့ ပို့ကုန်ပစ္စည်းတွေကို စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီကောင်းမွန်ဖို့ အားထည့်ဆောင်ရွက်နိုင်စေကြောင်း Commerce Journal မှထပ်ဆင့် ဦးဦးဖျားဖျား သတင်းပေးလိုက်ရပါတယ။် ဒေါက်တာခင်ဦးမေ
Background