ရင်းနှီးမြှုပ်နှံသူအချို့က အခြားဈေးကွက်များတွင် ဆုံးရှုံးထားခဲ့မှုများအား ထေမိစေရန် ရွှေကို ပြန်လည်ရောင်းချ ဂရိကြွေးမြီပြဿနာအပေါ် စိုးရိမ်ပူပန်မှုက ကန်ဒေါ်လာတန်ဖိုးကို မြင့်မား စေခြင်းနဲ့ ရင်းနှီးမြှုပ်နှံသူအချို့က အခြားဈေးကွက်တွေမှာ ဆုံးရှုံးထားခဲ့မှုတွေကို ထေမိစေဖို့ ရွှေကိုပြန်လည်ရောင်းချကြခြင်းတို့ကြောင့် ရွှေဈေးနှုန်းတွေ ဒုတိယ မြောက်နေ့အဖြစ် ကျဆင်းသွားပါတယ်။ စက်တင်ဘာ ၁၂ ရက် စင်ကာပူစံတော်ချိန် နံနက် ၁၀း၅၄ နာရီက ချက်ချင်းအရောက်ပို့ ရွှေက တစ်အောင်စကို ၁၈၄၂ ဒသမ ၂၅ ဒေါ်လာအထိ သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားပြီး နောက်ပိုင်း ၁၈၅၂ ဒသမ ၈၅ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရတယ်။ နယူးယောက်မှာ ဒီဇင်ဘာလအရောက်ပို့ရွှေက တစ်အောင်စကို သုည ဒသမ ၈ ရာခိုင်နှုန်းကျဆင်းကာ ၁၈၄၄ ဒသမ ၆၀ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ၁၈၅၅ ဒသမ ၅၀ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရတယ်။ Source:Bloomberg.com,ပပ
Background