Main menu

Background

တရုတ်နိုင်ငံ၏ ၂၀၁၁ ခုနှစ် ပထမနှစ်ဝက် ရွှေထုတ်လုပ်မှု မြင့်တက်

Fri, 09/23/2011 - 08:08 -- Anonymous (not verified)

တရုတ်နိုင်ငံ၏ ၂၀၁၁ ခုနှစ် ပထမနှစ်ဝက် ရွှေထုတ်လုပ်မှု မြင့်တက်               ၂၀၁၁ ခုနှစ် ပထမနှစ်ဝက်၌ တရုတ်နိုင်ငံမှ ရွှေထုတ်လုပ်မှုသည် ယခင်နှစ် ကထက် ၃ ဒသမ ၂၅ ရာခိုင်နှုန်း သို့မဟုတ် တန်ချိန် ၅ ဒသမ ၁၈ တန်မြင့်တက်ခဲ့ပြီး စုစုပေါင်း ၁၆၄ ဒသမ ၄၂ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ဇွန်လတစ်လတည်း၌ ရွှေ ၃၂ ဒသမ ၃၉ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်မှစတင်၍ ကမ္ဘာပေါ်၌ ရွှေအများဆုံးထုတ်လုပ်ခဲ့သော တရုတ်နိုင်ငံသည် ၂၀၁၀ ပြည့်နှစ်တွင် စံချိန်တင် တန်ချိန် ၃၄၀ ဒသမ ၈၈ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း တရုတ်ရွှေထုတ်လုပ်သူများ အသင်းမှ ထုတ်ပြန်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ပြည်တွင်းရွှေသုံးစွဲမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅၅ ဘီလီယံ သို့မဟုတ် ယွမ် ၁၁၉ ဒသမ ၅၄ ဘီလီယံရှိ၍ တစ်ကမ္ဘာလုံးစုစုပေါင်းပမာဏ၏ ၁၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ ဇာစ်မြစ်။   ။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ဟောင်ကောင်မြို့။