Main menu

Background

ခေတ်နဲ့အညီ အမီလိုက်နိုင်တဲ့ အက်တောကျေးရွာက ယာတောင်သူ

Mon, 09/26/2011 - 04:42 -- Anonymous (not verified)

ခေတ်နဲ့အညီ အမီလိုက်နိုင်တဲ့ အက်တောကျေးရွာက ယာတောင်သူ                     မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ မုံရွာမြို့နယ်ခွဲ တာဝန်ခံမှ အဖွဲ့ခေါင်းဆောင်အဖြစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မြို့နယ်အဆင့် ကွင်းဆင်း ဆောင်ရွက်ခဲ့စဉ်မှာ ဒေသတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိတဲ့ ပြည်ပပို့ကုန်ပဲမျိုးစုံဆိုင်ရာ စိုက်ပျိုးခြင်း မှ ဈေးကွက်တင်ခြင်းအထိ လုပ်ငန်းကွင်းဆက်အခြေအနေတွေကို လေ့လာမေးမြန်းခဲ့ပါတယ်။ မျက်မြင်အားဖြင့် မုံရွာမြို့နယ်၊ နယ်မြေ ၂ရှိ ကျေးရွာ ၅၂ ရွာလုံး မိုးသီးနှံအနေနဲ့ ပဲစင်းငုံ ကို အားပြုစိုက် ပျိုးခဲ့ကြတာတွေ့ရပါတယ်။ လက်ရှိ မုံရွာကုန်စည်ဒိုင်ပေါက်ဈေးတစ်တင်း ၁၁၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အတွင်းသာ ရှိပေမယ့် စိတ်ဓါတ်မကျဘဲ ပေါင်းလိုက်၊ ဆေးဖျန်းလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ဆောင်မှုကြောင့်၊ စိုက်ပျိုး သမျှ အပင်တွေအောင်မြင်ဖြစ်ထွန်းလျက်ရှိတာ တွေ့ရပါတယ်။ သတင်းမီဒီယာနဲ့ နည်းပညာဈေးကွက် စတဲ့ ခေတ်မီအတွေးအခေါ် အသိပညာ တွေ ယှက်နွှယ်ပိုင်ဆိုင်လာကြပြီဖြစ်လို့၊ ဈေးနှုန်းကျဆင်းမှုဆိုးကျိုးကို ကာကွယ်နိုင်အောင် ဈေး ကောင်းရ၊ မျိုးကောင်းမျိုးသန့်များကို အထွက်တိုးအောင် စိုက်ပျိုးထားကြတာ တွေ့ရပါတယ်။                       အက်တောကျေးရွာက တောင်သူ ဦးမြင့်အောင်ကတော့ သူ့မှာယာမြေ ၁၅ ဧက ပိုင်ဆိုင်ပြီး၊ မိုးသီးနှံအဖြစ် နှမ်း၊ ပြောင်းနဲ့ ပဲစင်းငုံကို စိုက်ပျိုးခဲ့သလို ဆောင်းသီးနှံအဖြစ် ကုလားပဲအဓိက စိုက်ပျိုးခဲ့ကြောင်း သိရပါတယ်။ ကုလားပဲစိုက်ပျိုးရာမှာ သမားရိုးကျ မျိုးဟောင်းများ စိုက်ပျိုးခြင်း မရှိဘဲ ဈေးကွက်ဝင် ဠ၇ နဲ့မျိုးသစ်ဖြစ်တဲ့ ၉၂၄ မျိုးကို စမ်းသပ် စိုက်ပျိုးအောင်မြင်ခဲ့ကြောင်း သိရပါတယ်။ ပုံမှန်စိုက်နေကြတဲ့ ဠ၂ နဲ့ ၉၂၉ အနေနဲ့ တစ်ဧက တင်း ၂၀ ခန့်သာ အများဆုံးထွက်ရှိခဲ့ပြီး၊ ယခုစိုက်ပျိုးတဲ့ မျိုးသစ် ၉၂၄ ဟာ တစ်ဧက ၂၅ တင်းမှ တင်း ၃၀ ထိထွက်လို့ အကျိုးအမြတ် ပိုမိုရရှိခဲ့တယ်လို့ ဆိုပါတယ်။ သာမန်ရောင်းတန်းဝင် ကုလားပဲအပင်မျိုးအဖြစ် ပြန်လည်ရောင်းချဖို့၊ တစ်ဧက သန့်သန့် စိုက်ပျိုးခဲ့ပြီး၊ ဒေသခံတောင်သူတွေကို မျိုးသစ်တစ်တင်း ၂၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်နီးပါး ရောင်းချတဲ့ အတွက် ပိုမိုအကျိုးအမြတ် ဖြစ်ထွန်းခဲ့တယ်လို့ ဆိုပါတယ်။                  ဒါ့အပြင် ပဲစင်းငုံ မျိုးကောင်းမျိုးသန့်ထုတ်ဖို့ တစ်ဧက သီးသန့်စိုက်ပျိုးခဲ့ပြီး၊ ပြီးခဲ့တဲ့ မိုးဦးက မျိုးအဖြစ် တစ်တင်း ၂၅၀၀၀ ကျပ်နဲ့ ရောင်းချခဲ့ရလို့ တွက်ခြေကိုက်ခဲ့ကြောင်း ပြောပြသိရှိရပါတယ်။ ထို့အတွက် မုံရွာ ွှဏှုှ အဖွဲ့အနေနဲ့ ကွင်းဆင်းရောက်ရှိရာ ကျေးရွာတွေက ပဲစိုက်တောင်သူတွေနဲ့ တွေ့ဆုံတဲ့အခါ မျိုးကောင်းမျိုးသန့်ရရှိရေး ချိတ်ဆက်ပေးနိုင်ခဲ့သလို တောင်သူအချင်းချင်း နည်းပညာဖလှယ်ပေးခြင်းဖြင့် ကျေးလက်ပြည်သူတွေရဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တစ်စိတ်တစ်ဒေသအခန်းကဏ္ဍမှ ပူးပေါင်းပါဝင် ကူညီရသည်မှာ ဝမ်းမြောက်ရပါကြောင်း....။ ထွန်းလှိုင်