Main menu

Background

နှမ်းတန်ချိန် ၈၆၀ ကျော်နဲ့ တင်ပို့မှု အားကောင်းနေ

Tue, 09/27/2011 - 04:28 -- Anonymous (not verified)

နှမ်းတန်ချိန် ၈၆၀ ကျော်နဲ့ တင်ပို့မှု အားကောင်းနေ                ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှုဟာ ယခုသီတင်းပတ် (စက်တင်ဘာ၁၁ ရက်မှ ၁၇ ရက်)အတွင်း တန်ချိန် ၈၆၀ ကျော်နဲ့ တင်ပို့မှုအားကောင်းနေတာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပြီး တင်ပို့တဲ့ ပမာဏများတာကတော့ ဂျပန်ကိုဖြစ်ပါတယ်။                   ပြည်တွင်းမှာ နှမ်းအသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်မှု တိုးတက်ခြင်းနဲ့အတူ ပြည်ပပို့ကုန်ဝင်ငွေ တစ်ယူနစ်  တန်ဖိုး တိုးမြင့်လာတဲ့အတွက် ပြည်ပပို့ကုန်သမားများ တင်ပို့မှုသွက်လာတယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း စက်တင်ဘာလ ၁၆ ရက်နေ့အထိ နှမ်းတန်ချိန် ၃၃၀၀၀ ကျော်တင်ပို့ပြီး ယခင်ဘဏ္ဍာနှစ်က တင်ပို့ခဲ့တဲ့ တန်ချိန် ၂၅၀၀၀ ကျော်ထက် ပိုမိုတင်ပို့ပြီးတာ တွေ့ရပါတယ်။ စက်တင်ဘာလ ၂၃ ရက် ရန်ကုန် FOB ဈေးမှာ သိပ္ပံနှမ်းနက် တစ်တန်ကန် ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူတစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညိုဈေးမှာ တစ်တန် ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးနဲ့ ယခင်တစ်ပတ် ဈေးထက်အနည်းငယ် တိုးလာတာ တွေ့ရပါတယ်။ MIRT- MAPT