Main menu

Background

ရေနံစိမ်းဈေးကျဆင်းနေသဖြင့် OPEC ရေနံထုတ်လုပ်မှုအပေါ် သုံးသပ်သွားမည်

Sun, 10/02/2011 - 06:49 -- Anonymous (not verified)

ရေနံစိမ်းဈေးကျဆင်းနေသဖြင့် OPEC ရေနံထုတ်လုပ်မှုအပေါ် သုံးသပ်သွားမည်                         ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေတဲ့ စိုးရိမ်ဖွယ်လက္ခဏာ တွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ရေနံ စိမ်းဝယ်လိုအားကို လျှော့ချခန့်မှန်းလာ ကြတယ်။ ဒါကြောင့် စက်တင်ဘာ ၂၂ ရက်က ၆ ဒသမ ၃ ရာခိုင်နှုန်းကျဆင်း သွားတဲ့ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းက စက်တင်ဘာ ၂၃ ရက်မှာ သုည ဒသမ ၆ ရာခိုင်နှုန်း ထပ်မံကျဆင်းသွားရာ ဈေးနှုန်းကျဆင်းမှုကာလမှာ ရက်သတ္တပတ် ခြောက်ပတ်ရှိပြီလို့ သိရပါတယ်။ အဓိကမှာ ကမ္ဘာ့ရေနံသုံးစွဲမှု အများ ဆုံး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး ခြင်းက ရေနံစိမ်းဈေးနှုန်းအပေါ် ဖိအားဖြစ်စေပြီး လာမယ့် ရက်သတ္တပတ်မှာ ရေနံစိမ်းဈေးနှုန်း ဆက်လက်ကျဆင်း ဖွယ်ရှိတယ်လို့ ခန့်မှန်းကြတယ်။                            Goldman Sachs Group Inc ကလည်းနောင်လာမယ့် သုံးလအတွင်း နယူးယောက်ရေနံစိမ်းဈေးနှုန်းကို ၁၅ ရာခိုင်နှုန်း လျှော့ချကာ တစ်စည်ကို ပျမ်းမျှအနေနဲ့ ၉၇ ဒသမ ၅၀ ဒေါ်လာ ဖြစ်မယ်လို့ ခန့်မှန်းလိုက်ပြီး ယခင်က ခန့်မှန်းထားတဲ့နှုန်းမှာ တစ်စည်ကို ၁၁၅ ဒေါ်လာဖြစ်တယ်။                                Bloomberg သတင်းဌာနမှ ကုန်သည်နဲ့ ဈေးကွက်လေ့လာသူ ၄၀ ဦးကို မေးမြန်းစုံစမ်းခဲ့ရာ ၂၂ ဦးက ''စက်တင်ဘာ ၃၀ ရက်အထိ ရေနံစိမ်းဈေးနှုန်း ဆက်လက်ကျဆင်းဦးမယ်'' လို့ ဆိုခဲ့ပါ တယ်။                               ရေနံဝယ်လိုအား နည်းနေချိန် လစ်ဗျားရဲ့ ရေနံထုတ်လုပ်မှုအခြေအနေ ပြန်လည်ကောင်းမွန်လာရာ OPEC အဖွဲ့ဝင်နိုင်ငံတွေက နောင်နှစ်လကျော် ကာလတွင်း ကမ္ဘာ့စီးပွားရေးကို လေ့ လာဆန်းစစ်ကာ ရေနံရောင်းလိုအား လျှော့ချမယ်/မလျှော့ချမယ်ကို ဆုံး ဖြတ်သွားမယ်လို့ စက်တင်ဘာ ၂၂ ရက် က ပြောကြားခဲ့ပါတယ်။                               စက်တင်ဘာ ၂၃ ရက် နယူးယောက် ကုန်စည်ရောင်းဝယ်ရေးမှာ နိုဝင်ဘာလ အရောက်ပို့ ရေနံစိမ်းက တစ်စည်ကို ၄၈ ဆင့်ကျဆင်းကာ ၈၀ ဒသမ ၀၃  ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး နိုဝင်ဘာ လ ငွေချေရမယ့် ဘရန့်အမျိုးအစား ရေနံစိမ်းမှာလည်း တစ်စည်ကို ၁၀၅ ဒသမ ၆၀ ဒေါ်လာနဲ့ လန်ဒန် ICE Futures Europe Exchange မှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ Source:Bloomberg.com,ပပ