Main menu

Background

စားအုန်းဆီများကို စိတ်လက်ချမ်းသာစွာ ဝယ်ယူစားသုံးနိုင်

Mon, 10/10/2011 - 04:24 -- Anonymous (not verified)

               ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ၂၀၁၁ ခုနှစ်၊ မေလမှစ တင်၍ ပုဂ္ဂလိကကုမ္ပဏီများကို ပြည်ပ မှ စားအုန်းဆီများ တင်သွင်း၍ ဈေး ကွက်အတွင်း ဖြန့်ဖြူးရောင်းချပေး လျက်ရှိပါတယ်။               စားအုန်းဆီတင်သွင်းရာမှာ တင်ပို့ နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စားသုံးရန် သင့်လျော်ကြောင်း ထောက် ခံချက် ပါဝင်ရမှာဖြစ်သလို Third Party စစ်ဆေးရေးအဖွဲ့ စစ်ဆေးမှုများ ပါဝင်ရမှာဖြစ်ပြီး သင်္ဘောရောက်ရှိလာ ချိန်မှာလည်း စစ်ဆေးရေး (Survey) အဖွဲ့များက နမူနာရယူ၍ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနသို့ ပေးပို့ရမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့က နေအများပြည်သူအတွက် စားသုံးရန် သင့် လျော်ကြောင်း ထောက်ခံချက်ရရှိမှ သာ ဖြန့်ဖြူးရမှာဖြစ်ပါတယ်။                မကြာမီရက်အတွင်းက ကုမ္ပဏီ တစ်ခုကနေ တင်သွင်းလာတဲ့ စားအုန်းဆီများကို ပြည်တွင်းမှာ ပုံမှန်အတိုင်း ဖြန့်ဖြူးရောင်းချခဲ့ရာမှာ ဈေးကွက်ထဲ မှာ အနံ့အနည်းငယ်ရရှိနေကြောင်း သတင်းရရှိတဲ့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူများကိုယ်တိုင် ဆီသိုလှောင် ကန်ကို သွားရောက်စစ်ဆေးပြီး ထုတ် ပေးမှုကို ရပ်ဆိုင်းခဲ့တဲ့အပြင် ၎င်းင်းဆီများ ပြည်တွင်းမှာ ဖြန့်ဖြူးနေတာကိုလည်း ရပ်ဆိုင်းခိုင်းခဲ့ပါတယ်။              ယခုလိုတင်သွင်းလာတဲ့ စားအုန်း ဆီများမှာ အနံ့အနည်းငယ်ရရှိခဲ့တာနဲ့ ပတ်သက်လို့ လေ့လာစုံစမ်းခဲ့ရာမှာ ထုတ်လုပ်မှုဖြစ်စဉ်ကြောင့်မဟုတ်ဘဲ သယ်ယူတဲ့ သင်္ဘောအခြေအနေ၊ ကိုင်တွယ်သိုလှောင်မှုအခြေအနေ၊ ပင်လယ် ထဲမှာ ရက်ကြာမြင့်ခဲ့တဲ့အတွက် ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှုအခြေအနေ တွေကြောင့် အနံ့ထွက်ပေါ်ခြင်းဖြစ်နိုင် တယ်လို့ ပညာရှင်များက သုံးသပ်ကြ ကြောင်း သိရှိရပါတယ်။                 ယခု Prime Rose သင်္ဘောဟာ လည်း အင်ဒိုနီးရှားနိုင်ငံက တင်သွင်း လာတာဖြစ်ပြီး သက်ဆိုင်ရာကျန်းမာ ရေးဝန်ကြီးဌာနရဲ့ စားသုံးရန်သင့်လျော် ကြောင်း ထောက်ခံချက်များ ပါရှိလာခဲ့ ကြောင်းနဲ့ Third Party စစ်ဆေးရေး အဖွဲ့ဖြစ်တဲ့ Intertek အဖွဲ့ရဲ့ စစ်ဆေး ချက်အရFFA 0.064 PCT, Iodine Value 56.38, Melting Point 22.8 C, Colour 2.7 Red  ရှိကြောင်း သင်္ဘောတင် စစ်ဆေးချက်များ ပြည့်စုံ စွာပါရှိလာပြီး တင်သွင်းခဲ့တယ်လို့ သိရှိ ခဲ့ပါတယ်။                သင်္ဘောရောက်ရှိလာချိန်မှာ MITS စစ်ဆေး၍ နမူနာရယူပြီး ကျန်းမာရေးဝန်ကြီးဌာန၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) သို့ ပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် (FDA) တာဝန်ရှိသူများမှဆီလှောင်ကန်နဲ့ တင်သွင်းလာတဲ့ သင်္ဘောကို ကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပြီးကျန်းမာရေး ဝန်ကြီးဌာနမှ လူအများစားသုံးရန် သင့်လျော်ကြောင်း ထောက်ခံချက်ကို လည်း ရရှိခဲ့ပါတယ်။ အနံ့အနည်းငယ် ထွက်ပေါ်နေတာကို အပူပေးခြင်း၊ လေသလပ်ခံခြင်းများ ပြုလုပ်ပါက အနံ့ များပျောက်သွားကြောင်း စစ်ဆေးတွေ့ ရှိရပါတယ်။ စားအုန်းဆီတင်သွင်းမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာန က အရည်အသွေးစံချိန်စံညွှန်းများ မှန်ကန်ရေးနဲ့ စည်းစနစ်ကျနစွာ တင်သွင်းရေးကို ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရှိရပါတယ်။ ဒါကြောင့် စားအုန်းဆီများ တင်သွင်းတဲ့ နေရာမှာ သတ်မှတ်ထားတဲ့ စံချိန်စံ ညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများနဲ့ အညီ စနစ်တကျဆောင်ရွက်သွားရန် လိုကြောင်းနဲ့ ယခုရောက်ရှိတဲ့ ဆီများနဲ့ ပတ်သက်လို့ စားသုံးသူပြည်သူများ အနေနဲ့ စိတ်ပူပန်မှုမရှိဘဲ စိတ်လက် ချမ်းသာစွာ ဝယ်ယူစားသုံးနိုင်တယ်လို့ သတင်းရရှိကြောင်းတင်ပြလိုက်ပါတယ်။