Main menu

Background

အဝေးပြေးယာဉ်လိုင်းများ မြို့တွင်းယာဉ်လိုင်းများတွင် City Bus များ ဝင်ရောက်ပြေးဆွဲနိုင်

Tue, 02/23/2010 - 08:42 -- Anonymous (not verified)

      အဝေးပြေးယာဉ်လိုင်းများ အနေ ဖြင့် မြို့တွင်းယာဉ်လိုင်းများတွင် City Busများ ဝင်ရောက်ပြေးဆွဲလိုပါက ခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း   လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။ထိုသို့ ဆောင်ရွက်ခွင့်ပြုရခြင်းမှာ ရန်ကုန်မြို့တွင်း သယ်ယူပို့ ဆောင်ရေးကိစ္စ များတွင် ပိုမိုလွယ်ကူ လျင်မြန်စေ ရန်နဲ့  မြို့ပေါ်မြို့နယ်များတွင်ဝင်ရောက် ခွင့် ပိတ်ထားသော ဒိုင်နာလိုင်း၊ ဟိုင်း လတ်ယာဉ်လိုင်းများ  နေရာတွင် အစားထိုး နိုင်ရန်ဖြစ်ပြီး သက်ဆိုင်ရာ ယာဉ်လိုင်းများ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်း ပြေးဆွဲနိုင်ကြောင်း သိရသည်။ဒိုင်နာယာဉ်လိုင်း ၃၈လိုင်းမှ စီး ရေ ၇၆၁စီး၊ ဟိုင်းလတ် ယာဉ်လိုင်း ၂၃ လိုင်းမှ စီးရေ ၆၆၄ စီး စုစုပေါင်း ၁၂၄၅ စီးလျှော့ချခဲ့သော်လည်း ကားကြီး၊ ကား လေးအချိုးအရ ယာဉ်စီးရေလိုအပ် ချက်မှာ ၃၆၃ စီးဖြစ်ပြီး ယခုအခါ ၂၆၁ စီး ပြေးဆွဲလျက်ရှိသည်။လိုအပ်သော ယာဉ်များနေရာ တွင်အစားထိုးနိုင်ရန် City Bus ၃ဝဝ ခန့်တင်သွင်း ရန်ဆောင် ရွက်နေကြောင်း၊ လက်ရှိရရှိထားသော စီးရေ ၉ဝ ကို ယာဉ်လိုင်းများတွင် ဝင်ရောက်ရေး အမြန်ဆောင်ရွက်သွားမည်ဟုအထက်ပါ ကော်မတီမှ သိရသည်။