Main menu

Background

၂၀၁၁ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း တရုတ်နိုင်ငံ၏ ရွှေထုတ်လုပ်မှု မြင့်တက်

Tue, 11/08/2011 - 05:05 -- Anonymous (not verified)

                   ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း တရုတ်နိုင်ငံမှ ရွှေထုတ်လုပ်မှုသည် ယခင်နှစ်ကထက် ၂ ဒသမ ၂၁ ရာခိုင်နှုန်း သို့မဟုတ် တန်ချိန် ၄ ဒသမ ၂ တန်မြင့်တက်ခဲ့ပြီး၊ စုစုပေါင်း ၁၉၄ ဒသမ ၅ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ဇူလိုင်လ တစ်လတည်း၌ ရွှေ ၃၀ ဒသမ ၀၈ တန်သာထုတ်လုပ်နိုင်ခဲ့၍ ဇွန်လထက် ၂ ဒသမ ၃၁ တန် လျော့နည်းခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်မှစတင်၍ ကမ္ဘာပေါ်၌ ရွှေအများဆုံး ထုတ်လုပ်ခဲ့သော တရုတ်နိုင်ငံသည် ၂၀၁၀ ပြည့်နှစ်တွင် စံချိန်တင် တန်ချိန် ၃၄၀ ဒသမ ၈၈ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း တရုတ် ရွှေ ထုတ်လုပ်သူများအသင်းမှ ထုတ်ပြန်ခဲ့သည်။                       တရုတ်နိုင်ငံ၏ ပြည်တွင်းရွှေထုတ်လုပ်မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄၃ ဘီလီယံ သို့မဟုတ် ယွမ် ၁၄၃ ဒသမ ၂၉ ဘီလီယံရှိ၍ ယခင်နှစ်ထက် ၂၁ ဒသမ ၈၈ ရာခိုင်နှုန်းနှင့် ပထမနှစ်ဝက်ထက် ၂၃ ဒသမ ၃၇ ရာခိုင်နှုန်းအသီးသီး မြင့်တက်ခဲ့ကြောင်း၊ ရွှေထုတ်လုပ်သူများ၏ အမြတ်တန်ဖိုးမှာလည်း နှစ်အလိုက် ၃၄ ဒသမ ၀၆ ရာခိုင်နှုန်း မြင့်တက် လာပြီး ယွမ် ၁၆ ဒသမ ၅၆ ဘီလီယံရှိကြောင်း သိရသည်။ ဇာစ်မြစ်။ ။ပြည်ထောင်စုသမ္မတနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး ၊ ဟောင်ကောင်မြို့