Main menu

Background

နှမ်းတင်ပို့မှု အားကောင်းနေဆဲ

Tue, 11/08/2011 - 05:48 -- Anonymous (not verified)

                 ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း တန်ချိန် ၁၁၀၀ ကျော်နဲ့ အားကောင်းနေဆဲ ဖြစ်တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ဂျပန်ကို တင်ပို့တဲ့ ပမာဏများပြီး ယခုတစ်ပတ်တင်ပို့တဲ့နိုင်ငံများဖြစ်တဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူတို့အနက်မှာ စင်ကာပူကို တင်ပို့တဲ့ ပမာဏပိုမိုတာတွေ့ရပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် အောက်တိုဘာလ ၂၈ ရက်နေ့အထိ ပြည်ပကို နှမ်းတင်ပို့မှုမှာ စုစုပေါင်းတန်ချိန် ၆၂၉၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၈၈ သန်းခန့် ရှိပါတယ်။ ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၄၇၀၀၀ ကျော် ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၆၅ သန်းကျော်ရှိလို့ ယခုနှစ်မှာပိုမိုတင်ပို့နိုင်ပါတယ်။ ရန်ကုန် FOB  ဈေးများအနေနဲ့ ပြောင်းလဲ ခြင်းမရှိဘဲ နိုဝင်ဘာလ ၄ ရက်မှာလည်း သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက် ရိုးရိုးတစ်တန် ကန်ဒေါ်လာ၁၄၅၀-၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညို တစ်တန် ကန်ဒေါ်လာ ၁၂၂၅- ၁၂၇၅ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT-MAPT