Main menu

Background

မြန်မာအသင်း နောက်တန်းကို ဗီယက်နမ်နည်းပြ ချီးကျူး

Tue, 11/15/2011 - 06:30 -- Anonymous (not verified)

                  (၂၆)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသောမြန်မာ့ လက်ရွေးစင်ဘောလုံးအသင်း၏နောက် တန်းကစားသမားများအား ဗီယက်နမ် နည်းပြ ဗယ်လ်ကိုဂေါ့ဇ်က ချီးကျူးခဲ့ ကြောင်း သိရသည်။                       ဗီယက်နမ်နည်းပြ ဗယ်လ်ကိုဂေါ့ဇ် က " မြန်မာအသင်းဟာ ဒီပွဲမှာ တစ် ယောက်အထုတ်ခံခဲ့ရပေမယ့် နောက် တန်းက အမှားအယွင်းမရှိဘဲကစားနိုင် ခဲ့လို့ သရေတစ်မှတ်ရခဲ့တာပါ။ ဒုတိယ ပိုင်းတစ်လျှောက်လုံးတစ်ယောက်လျော့ နဲ့ကစားခဲ့ရပေမယ့်ကျွန်တော်တို့အသင်း ရဲ့တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ် နိုင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ VFF Cup  မှာ မြန်မာအသင်းကို ငါးဂိုးပြတ် နဲ့အနိုင်ရခဲ့ပေမယ့် အခုဒီပွဲမှာတော့ ကျွန်တော်တို့ အသာမရခဲ့ပါဘူး"ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ဗီယက်နမ်အသင်းသည်အုပ်စု(ခ) တွင် သုံးပွဲကစားပြီးခဲ့ရာတွင် နှစ်ပွဲနိုင် တစ်ပွဲသရေ ရမှတ် ခုနစ်မှတ်ရရှိပြီး မြန်မာအသင်း နှင့်အမှတ်တူနေခဲ့သော် လည်း ဂိုးကွာခြားချက်ကြောင့် ဒုတိယ နေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။