၂၀၁၁ ခုနှစ် အောက်တိုဘာလမှစတင်၍ ပို့ကုန်ပစ္စည်းများဖြစ်သည့် လယ်ယာထွက်ကုန်ပစ္စည်း များ၊ ရေထွက်ပစ္စည်းများ၊ CMP လက်ခစားပစ္စည်းများနှင့် အစိုးရဌာနဆိုင်ရာ သစ်လိုင်စင် လျှောက်ထား မှုများကို နေပြည်တော်ရုံးချုပ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်း ဒေသကြီးရုံးခွဲတွင် လက်ခံဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်လိုင်စင်များကို လျင်မြန် ချောမွေ့စွာ လျှောက်ထားရယူလျက်ရှိကြောင်း ကြားသိရပါသည်။ ယခု ဒီဇင်ဘာ ၁၃ ရက်မှစတင်၍ ပုဂ္ဂလိက သစ်ခွဲသားနှင့် ပရိဘောဂသစ်အချောထည်များ၏ ပို့ကုန်လိုင်စင်များကိုလည်း အစိုးရဌာနဆိုင်ရာ သစ်လုံးလိုင်စင်များနည်းတူ အဆိုပါရုံးမှာ လျှောက်ထားရ ယူနိုင်ပြီဆိုသည့် သတင်းကောင်းကို ထပ်မံကြားသိရပါသည်။ ဒေါက်တာခင်ဦးမေ
Background