Main menu

Background

ယူရိုဇုန် သဘောတူစာချုပ်က ဈေးကွက်ယုံကြည်မှုကို မြှင့်တင်နိုင်ခြင်းမရှိ

Mon, 12/19/2011 - 07:25 -- Anonymous (not verified)

    လွန်ခဲ့တဲ့လက ကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂ (အီးယူ) ထိပ်သီး အစည်း အဝေးကနောင်အနာဂတ်မှာဖြစ်လာမယ့်ကြွေးမြီအကျပ်အတည်းကို ကာကွယ် ဖို့ စီမံဆောင်ရွက်ရာမှာ အတော်ခရီးရောက်ခဲ့ပါတယ်။ ဒါပေမဲ့ဈေးကွက် ကတော့ နည်းလွန်းရုံမျှမက လက်ရှိပြဿနာကို ဖြေရှင်းဖို့အတွက် နောက်ကျ လွန်းနေတယ်လို့ ယူဆကြပါတယ်။ ယခင်ကဖြစ်ခဲ့သလိုပဲ ရင်းနှီးမြှုပ်နှံသူတွေကို ရေရှည်ငြိမ်သက်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ ယူဆကြ ပါတယ်။ အီးယူခေါင်းဆောင်တွေက ယူရိုဇုန်အတွက် ပိုမိုနက်ရှိုင်းတဲ့ ပေါင်းစည်းမှုကို ဆောင်ရွက်နိုင်ဖို့အတွက် သဘောတူစာချုပ်မူကြမ်းကို ပြုစုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီရေရှည်အတွက် မျှော်မှန်းဆောင်ရွက်မှုတွေဟာ အကျပ်အတည်းကို ဖြေရှင်း နိုင်ပါ့မလားလို့ လေ့လာဆန်းစစ်သူတွေက သံသယရှိပါတယ်။    ခရစ်စမတ်မတိုင်မီအထိ ခေါင်းဆောင်တွေ နောက်ထပ်တွေ့ဆုံနိုင်ဦးမှာ မဟုတ်ဘူးလို့ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ပြောပေမဲ့ ဈေးကွက်ဖိ အား တွေကြောင့် မကြာခင်သူတို့ထပ်မံဆုံတွေ့ဖို့ လိုလိမ့်မယ်လို့ အီးယူ အရာရှိ တစ်ဦးက ပြောပါတယ်။ ကမ္ဘာ့ရှယ်ယာဈေးကွက်တွေက ဒီဇင်ဘာ ၉ ရက်နေ့က မြင့်တက်ခဲ့ပေမဲ့ အီတလီမှာ ချေးငွေကုန်ကျစရိတ်တွေ မြင့်တက်တဲ့အတွက် ဖိအားပေးမှုတွေ ရင်ဆိုင်နေရပါတယ်။    ယူရိုဇုန်ကြိုးပမ်းမှုတွေကို အကူအညီပေးနိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကို နောက်ထပ်ယူရိုဘီလီယံ ၂၀၀ ထုတ်ပေးဖို့ ဥရောပ ခေါင်းဆောင်တွေက သဘောတူခဲ့ပါတယ်။Source:hindustantimes.com