ထိုင်းနဲ့ တရုတ်မှ ဘိလပ်မြေအဝင်နည်းပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်တာ ကာလအတွင်း ဘိလပ်မြေ တန်ချိန် ၁၁၁၂၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ် ဆယ့်ကိုးသိန်းခြောက်သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်း နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဘက်မှ ဘိလပ်မြေများကို တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်း ပတ်က ထိုင်းနိုင်ငံမှပဲ တင်သွင်းခဲ့တာ တန်ချိန် တစ်သောင်းကိုးထောင်ကျော် ရှိခဲ့ပါ တယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ထိုင်းနဲ့တရုတ်တို့မှ တင်သွင်းခဲ့ပေမဲ့ ယခင်တစ် ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ရှစ်ထောင်ကျော်လောက် လျော့နည်းခဲ့ပါတယ်။ MIRT (DOT)တန် ၄၀၀ ကျော် အသွင်းပိုတဲ့ ဘိလပ်မြေဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း တာချီလိတ်နယ်စပ်၊ မြဝတီ နယ်စပ်၊ ကန်ပိုက်တီးနယ်စပ်နဲ့ ပန်ဝါနယ်စပ်တို့မှ ဘိလပ်မြေ ၂၁၅၇ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၁၈၃ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ် ထက် တန် ၇၀၀ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှု တွေကတော့ တာချီလိတ်နယ်စပ်မှ ငှက်တံဆိပ် ၁၁၂၈ တန်ကျော်၊ TPI တံဆိပ် ၂၀၈ တန်ကျော်၊ ကန်ပိုက်တီး စခန်းမှ ၃၀၈ တန်၊ ပန်ဝါစခန်းမှ ၁၇၃ တန်နဲ့ မြဝတီနယ်စပ်ကနေ ၃၄၀ တန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ MIRT (DOBT)အရောင်းပုံမှန်ရှိတဲ့ ဘိလပ်မြေဈေးကွက်မော်လမြိုင်မှာ ဘိလပ်မြေဈေးကွက်က အရောင်းပုံမှန်ရှိတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာ ပြည်တွင်းထုတ်တဲ့ ကြံ့(မြိုင်ကလေး)က ကျပ် ၁၀၀ လောက် ဈေးအတက်နဲ့ အရောင်းဖြစ်တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေး နှုန်းတွေက ဆင်(ထိုင်း)က တစ်အိတ်ကို ၅၀၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) က ၃၂၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာလည်း ဘိလပ်မြေက ယခင်သီတင်းပတ် ဈေးနှုန်း အတိုင်း အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။ အရောင်းက ပုံမှန်ရှိနေပါတယ်။ ဈေးကလည်း အတက်အကျ မရှိဘဲ အရောင်းအဝယ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးကွက်အ တွင်းဖြစ်ပေါ်နေတဲ့ ဈေးတွေက ဆင်(ထိုင်း) တစ်အိတ်ကို ၆၇၀၀ ကျပ်၊ ခြင်္သေ့က တစ်အိတ်ကို ၅၃၀၀ ကျပ်၊ မြို့တော်က တစ်အိတ်ကို ၄၄၀၀ ကျပ်နဲ့ နဂါးက တစ်အိတ်ကို ၅၄၀၀ ကျပ် ဈေးရှိနေတယ်လို့ သိရပါတယ်။ယခင်တစ်ပတ် တစ်အိတ်ကို ၅၄၀၀ ကျပ်နဲ့ ဆင်(ထိုင်း) ဘိလပ်မြေက ဒီတစ်ပတ်မှာ ၅၆၅၀ ကျပ်သို့ လည်းကောင်း၊ မြင်းခေါင်းတစ်အိတ်ကို ၄၂၀၀ ကျပ်မှ ယခု ၄၃၀၀ ကျပ်သို့လည်း ဈေးအနည်းငယ်အမြင့်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ကောင်းတယ်လို့ သိရပါ တယ်။ ပွင့်လင်းရာသီရောက်လာပြီး ဆောက်လုပ်ရေးလုပ်ငန်းများလည်း ပြန်လည် လုပ်ကိုင်လာတာကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းတယ်လို့ ပြော ပါတယ်။ အရောင်းအဝယ်ကောင်းပေမဲ့ ဘိလပ်မြေဈေးက အတက်အကျမရှိဘဲ ပုံမှန်ဘဲလို့ ဆိုပါတယ်။ ဆင်(ထိုင်း)က တစ်အိတ်ကို ၅၆၅၀ ကျပ်နဲ့ မြင်းခေါင်းတစ် အိတ်ကို ၄၃၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာတော့ ယခင်တစ်ပတ် ၅၂၀၀ ကျပ်ဈေးရှိတဲ့ ကျား ခေါင်းက ၅၃၀၀ ကျပ်နဲ့ မြင်းခေါင်းတံဆိပ်က ယခင် ၄၄၀၀ ကျပ်မှ ယခု ၄၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတံဆိပ် နှစ်မျိုးသာ ၁၀၀ ကျပ်ဝန်းကျင် အတက်အကျရှိပြီး ကျန်တံဆိပ်များက ယခင်သီတင်းပတ်ဈေးအတိုင်း ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ အေသုံးလုံးက ၅၃၀၀ ကျပ်၊ မြန်မာ ဆင်က ၄၉၀၀ကျပ်၊ ဆင်(ယိုးဒယား)က ၅၈၀၀၊ စိန်(ယိုးဒယား) က ၅၇၀၀ ကျပ်နဲ့ ဆင်မင်းက ၄၄၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ဘိလပ်မြေအရောင်းအဝယ် ကောင်း တယ်လို့သိရပါတယ်။ ပစ္စည်းအမှာများပေမဲ့ ဈေးကအတက်အကျသိပ်မရှိဘဲ ဈေး နှိမ်နေတယ်လို့ဆိုပါတယ်။ ဘိလပ်မြေဈေးက ဆင်တံဆိပ် တစ်အိတ်ကို ၄၇၀၀ ကျပ်၊ စိန်တံဆိပ်က ၄၆၀၀ ကျပ်နဲ့ မောင်းတိန်းက ၄၅၀၀ ကျပ်ဈေး အသီးသီးရှိ တယ်လို့ သိရပါတယ်။ MIRT (DOT)ဈေးတည်ငြိမ်တဲ့ မန်းဘိလပ်မြေမန္တလေးတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မပျက်ဆောင်ရွက်လျက်ရှိနေပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေ ဈေးနှုန်းများ ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေပါတယ်။ နိုဝင်ဘာလ နဲ့ ယခုဒီဇင်ဘာ လရှိ ဘိလပ်မြေပေါက်ဈေးများမှာ ဗဗဗ တံဆိပ်မှာ ၅၃၀၀ ကျပ်တွင် ဈေးငြိမ်နေ သလို ကျားခေါင်းတံဆိပ်မှာ ၅၂၀၀ ကျပ်တွင် ဈေးငြိမ်နေပါတယ်။ စိန်တံဆိပ်မှာ ၅၅၀၀ ကျပ်မှ ၅၇၀၀ ကျပ်သို့လည်းကောင်း၊ ဆင်(ထိုင်း)တံဆိပ်မှာ ၅၇၀၀ ကျပ်မှ ၅၈၀၀ ကျပ်သို့လည်းကောင်း ဈေးမြင့်လာပြီး မြန်မာဆင်တံဆိပ်မှာ ၅၃၀၀ ကျပ်မှ ၄၉၀၀ ကျပ်၊ ဆင်မင်းတံဆိပ်မှာ ၄၈၀၀ ကျပ်မှ ၄၄၀၀ ကျပ်၊ မြင်းခေါင်းတံဆိပ်မှာ ၅၀၀၀ ကျပ်မှ ၄၃၀၀ ကျပ်သို့ ဈေးအေးလာကြောင်း သိရပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် (၂၇)ကြိမ် မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရန် အားကစားကွင်း သစ်ကြီးနဲ့ အဆောက်အအုံများ မြို့နယ်တွင်းဆောက်လုပ်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းများမှာ အရှိန်အဟုန်ဖြင့် ဆောက်လုပ်လျက်ရှိရာ ပြည်တွင်းမှ ဘိလပ်မြေနဲ့ ပြည်ပမှ ဘိလပ်မြေများကို အသုံးပြုသော်လည်း၊ ပြည်တွင်းထုတ်လုပ်မှုနဲ့ ပြည်ပ တင်သွင်းမှုလုံလောက်သဖြင့် ဘိလပ်မြေဈေးနှုန်းများမှာ သိသိသာသာ ပြောင်း လဲခြင်းမရှိကြောင်း သိရပါတယ်။ လွင်အေး
Background