Main menu

Background

ဟိုပုံးပန်းနှမ်း အဝင်လဲများ ဆီစက်သမားလဲ အဝယ်လိုက်

Mon, 12/26/2011 - 08:55 -- Anonymous (not verified)

    တောင်ကြီးဈေးကွက်သို့ ပန်းနှမ်းများစတင်ဝင်ရောက်လာပါတယ်။ယခုတစ်ပတ်အတွင်းမှာပဲ ဆီဆိုင်၊ ဆိုက်ခေါင်၊ ဟိုပုံးမြို့ နယ်များမှ  ပန်းနှမ်းများအဝင်များလာပါတယ်။ ပန်းနှမ်းများ အဝင်စိပ်လာတဲ့အတွက်ယခင်တစ်ပတ်ကထက် ပန်းနှမ်းဈေးကျလာ ပါတယ်။ ယခင်အပတ်က ပန်းနှမ်းတစ်ပိဿာ ၉၀၀ ကျပ်၊ ၉၅၀ ကျပ်မှ ယခုတစ်ပတ်မှာတော့ ပန်းနှမ်းတစ်ပိဿာ ၈၆၀ ကျပ်၊ ၈၇၀ ကျပ်ဖြင့် ဈေးအနည်းငယ်ကျလာပါတယ်။ ယခုအချိန်မှာတော့ ပန်းနှမ်းများစပေါ်ချိန်ဖြစ်လို့ လှောင်လက်များနဲ့ ဒေသတွင်းဆီစက်များမှ အဝယ်လိုက်နေတဲ့အတွက် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေပါတယ်။           S.Y.H