Main menu

Background

ထိုင်းနိုင်ငံကို နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှု ၃၀ ရာခိုင်နှုန်း ကျနိုင်

Tue, 12/27/2011 - 08:05 -- Anonymous (not verified)

    ခရစ္စမတ်နဲ့ နှစ်သစ်ကူးအပါအဝင်ပွဲတွေမှာ ဗုံးဖောက်ခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှု သတင်းများ ကြောင့် နိုင်ငံခြားသား ခရီးသည်များက စိုးရိမ်မှု ဖြစ်နေတဲ့အတွက် ထိုင်းနိုင်ငံသို့ ဒီဇင်ဘာ နိုင်ငံခြား ခရီးသွားအဝင် ၃၀ ရာခိုင်နှုန်းက ၄၀ ရာခိုင်နှုန်းထိ ကျဆင်းနိုင်တယ်လို့ ထိုင်းဟိုတယ်အသင်း ( THA)   ကပြောပါတယ်။    ဗန်ကောက်မြို့မှာရှိတဲ့ ကြယ်လေးပွင့်နဲ့ ကြယ် ငါးပွင့်အဆင့်ရှိ ဟိုတယ်တွေမှာပျမ်းမျှလူဝင်ရောက် မှုနှုန်းက ယခုလမှာ ယခင်လထက် ၃၀ ရာခိုင်နှုန်း ကျဆင်း ပြီး ယခင်နှစ်နိုဝင်ဘာနဲ့ နှိုင်းယှဉ်ရင် ၈၀ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့  အသင်းရဲ့အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။ ခရီးသည်တွေ ထိုင်း နိုင်ငံကို မလာဘဲ မလေးရှားနဲ့ စင်ကာပူကို သွားကြ တဲ့ အဓိက အကြောင်းရင်းမှာ ရေလွှမ်းမိုးမှုက အဓိက ဖြစ်ပါတယ်။    ဗုံးပေါက်ခွဲမှုအန္တရာယ်ကို စိုးရိမ်တဲ့အတွက် ထိုင်းနိုင်ငံမှာ အထူးသဖြင့် ဗန်ကောက်မှာ ခရစ္စ မတ်နဲ့ နှစ်သစ်ကူးပွဲကျင်းပဖို့ နိုင်ငံခြားခရီးသည် တွေက ယုံကြည်မှုနည်းခဲ့တယ်လို့ ပရာကစ်ချိနာ မောင်ဖုန်က ပြောပါတယ်။    နိုဝင်ဘာလက ထိုင်းနိုင်ငံကို ခရီးသည်       ၁ဒသမ၂သန်း ဝင်ရောက်ခဲ့ရာယခင်နှစ်အလားတူ လကထက် ၁ ဒသမ ၆ သန်းခန့် ကျဆင်းခဲ့ပါ တယ်။ဒီဇင်ဘာလမှာတော့ အရေအတွက်ပိုများ လာလိမ့်မယ်လို့ ပရာကစ်က ပြောပါတယ်။    ပြည်တွင်းခရီးသွားဈေးကွက်မှာ ရေလွှမ်းမိုးမှု ဖြစ်ပြီးတဲ့နောက် အိမ်ခြံမြေတွေပြုပြင်ဖို့အတွက် ငွေတွေကို အများစုကသုံးရမှာ ဖြစ်တဲ့အတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးမှာ ပြည်တွင်းခရီးသွားတွေ နည်းနိုင်ပါတယ်။Source. nation multimedia.com