စိန်တံဆိပ်ဘိလပ်မြေ အများဆုံးတင်သွင်းပြည်တွင်းကို ဘိလပ်မြေတင်သွင်းမှုက ဒီဇင်ဘာ ၁၈ ရက်မှ ၂၄ ရက်တာကာ လအတွင်းတန်ချိန် ၁၉၇၄၂ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်ခြောက်သိန်း ကျော်ဖိုးရှိခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ ထိုင်းနိုင်ငံမှ ဘိလပ်မြေများတင်သွင်း ခဲ့တာဖြစ်ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေများက စိန်တံဆိပ်ဘိလပ်မြေက ၁၃၁၀၀ တန်နဲ့ အခြားတံဆိပ်များက တန်ချိန် ၆၆၄၂ တို့ဖြစ်ပါတယ်။ ယခင်သီတင်း ပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ်သောင်းတစ်ထောင်ကျော် ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ရှစ်ထောင်ကျော်ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါ တယ်။ MIRT (DOT) မန္တလေးနဲ့ မကွေးမှာ ဘိလပ်မြေ အရောင်းသွက်ပြီး တောင်ကြီးနဲ့ ရန်ကုန်မှာ ပုံမှန်ရှိနေမန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းသွက်လာတယ်လို့ သိရပါ တယ်။ အရောင်းသွက်လာတာနဲ့အမျှ ဈေးတွေကလည်း တစ်အိတ်ကို ၁၅၀ ကျပ်မှ ၂၀၀ ကျပ်တက်လာတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးမှ ပြော ပါတယ်။ ဒီလိုဈေးအနည်းငယ် တက်ရတာကလည်း ကားသယ်ယူစရိတ် ကွာဟ ချက်ကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်းဖြစ်နေတဲ့ဈေးက မြန်မာဆင် ယခင်တစ်အိတ်ကို ၄၉၀၀ ကျပ်မှ ယခု ၅၀၀၀ ကျပ်၊ ဆင်(ယိုးဒယား) ယခင် ၅၈၀၀ကျပ်မှ ယခု ၆၀၀၀ကျပ်၊ စိန်(ထိုင်း) ယခင် ၅၇၀၀ကျပ်မှ ယခု ၅၉၀၀ ကျပ်၊ ဆင်မင်း ယခင် ၄၄၀၀ကျပ်မှ ယခု ၄၅၀၀ ကျပ်၊ ကျားခေါင်း ယခင် ၅၂၀၀ ကျပ်မှ ယခု ၅၃၀၀ ကျပ် ဈေးအသီးသီးရှိကြောင်း သိရပါတယ်။မော်လမြိုင်မှာ ဘိလပ်မြေဈေးက ယခင် ဆင်(ထိုင်း) ၅၀၀၀ ကျပ်မှ ယခု ၄၉၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၀၀၀ ကျပ်နဲ့ ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ အရောင်းအဝယ်က ပုံမှန်ပဲရှိတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းပဲရှိတယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ်လုံးမိုးရွာနေတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများလည်း လုပ်ကိုင်မှုနည်းပါးနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဈေးကွက်အတွင်း အရောင်း အဝယ်အေးနေတာကြောင့် ဈေးအတက်အကျလည်း မရှိပါဘူး။ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးနှုန်းတွေက စိန်(ယိုးဒယား)က ၆၇၀၀ ကျပ်၊ ခြင်္သေ့က ၅၃၀၀ ကျပ်၊ မြို့တော်က ၄၄၀၀ ကျပ်နဲ့ နဂါးက ၅၄၀၀ ကျပ် ဈေးရှိတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းသွက်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်သွက်ပေမဲ့လည်း ဈေးကမတက်ဘဲ ယခင်တစ်ပတ် ဈေးအတိုင်းပဲ ရှိနေပါတယ်။ ဒီတစ်ပတ်ဘိလပ်မြေဈေးက ဆင် (ထိုင်း)က တစ်အိတ်ကို ၅၆၅၀ ကျပ်နဲ့ မြင်းခေါင်းတစ်အိတ်ကို ၄၃၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေအရောင်းအဝယ် ကောင်းတယ် လို့ သိရပါတယ်။ ဈေးက အတက်အကျသိပ်မရှိဘဲ ငြိမ်နေတယ်လို့ ဆိုပါတယ်။ ဘိလပ်မြေဈေးက ဆင်တံဆိပ် တစ်အိတ်ကို ၄၆၅၀ ကျပ်၊ စိန်တံဆိပ်က ၄၅၀၀ ကျပ်နဲ့ မောင်းတိန်းက ၄၅၀၀ ကျပ်ဈေး အသီးသီးရှိတယ်လို့ သိရပါတယ်။MIRT (DOT)နယ်စပ်က ဘိလပ်မြေ တန် ၄၀၀၀ ကျော်တင်သွင်းမြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနဲ့ ချင်းရွှေဟော်စခန်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ မြိတ်၊ တာချီလိတ်နဲ့ မြဝတီစခန်းများကနေ ဒီဇင်ဘာ ၂၁ ရက်မှ ၂၇ အတွင်း ဘိလပ်မြေ ၄၀၈၅ တန်ကျော်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၃၃၈ သန်းဖိုးတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ထက် ၂ ဆကျော် တင်သွင်း နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်သွင်းမှုတွေမှုကတော့ ကန်ပိုက်တီးမှ ၄၇၀ တန်၊ ချင်းရွှေဟော် မှ တန် ၂၀ ၊ မြိတ်မှ ၁၀၃၄ တန်၊ တာချီလိတ်မှ ငှက်တံဆိပ် ၁၄၀၇ တန်၊TPI တံဆိပ် ၃၄ တန်ကျော်နဲ့ မြဝတီမှ ၁၁၂၀ တန် အသီးသီး တင်သွင်းခဲ့ တာဖြစ်ပါတယ်။ MIRT (DOT)
Background