ဘိလပ်မြေ အဝင်အေး ပြည်တွင်းကို ပင်လယ်ရေကြောင်းမှ ဒီဇင်ဘာ ၂၅ ရက်မှ ၃၁ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၁၃၉၉၀ ဒသမ ၅၀ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်နှစ်သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ ထိုင်းနိုင်ငံထုတ်ဘိလပ်မြေများဖြစ်တဲ့ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၄၂၀၊ANCHOR ဘိလပ် မြေတန်ချိန် ၆၁၀၀ နဲ့ အခြားဘိလပ်မြေ တန်ချိန် ၇၄၇၀ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် နှစ်သောင်းနီးပါးတင်သွင်းခဲ့ပေမဲ့ ဒီတစ်ပတ်မှာ တော့ယခင်တစ်ပတ်ထက် တန်ချိန် ခြောက်ထောင်ကျော်လောက် လျော့နည်းပြီး တင်သွင်းခဲ့တာတွေ့ရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဒီဇင်ဘာလအတွင်း ဘိလပ်မြေတင်သွင်းမှုမှာ တစ်ပတ်ကို ပျမ်းမျှတန်ချိန် တစ်သောင်းခြောက်ထောင်ကျော် တင်သွင်းခဲ့ပါတယ်။ ဒါကြောင့် ဒီဇင်ဘာလ စုစုပေါင်းဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် ခြောက်သောင်းလေးထောင်ကျော်ရှိခဲ့ပါတယ်။ နိုဝင်ဘာလရဲ့ ဘိလပ်မြေတင်သွင်းမှုကို ကြည့်မယ် ဆိုရင် တန်ချိန် နှစ်သိန်းကျော်ရှိခဲ့တာကြောင့် ဒီဇင်ဘာလ ဘိလပ်မြေအဝင်က နိုဝင်ဘာလအဝင်ရဲ့ သုံးပုံတစ်ပုံသာရှိခဲ့ပါတယ်။ ဒါကြောင့် ဒီဇင်ဘာလမှာ ဘိလပ် မြေအဝင်လျော့နည်းခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေတန် ၂၂၀၀ ကျော် အသွင်းရှိ ဒီဇင်ဘာ နောက်ဆုံးပတ်မှာ ကန်ဒေါ်လာ ၀ ဒသမ ၁၈၇ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၂၂၇၇ တန် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မြဝတီမှ ၁၁၂၀ တန်၊ တာချီလိတ်မှ ၉၂၇ တန်၊ ချင်းရွှေဟော်မှ တန် ၂၀၀ နဲ့ ကန်ပိုက်တီးမှ တန် ၃၀ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် ဘိလပ်မြေ တန် ၁၈၀၀ ကျော် အသွင်းလျော့ခဲ့ပါတယ်။ MIRT (DOBT) ဈေးငြိမ်ငြိမ်နဲ့ ဘိလပ်မြေဈေးကွက် အရောင်းသွက် မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းသွက်တယ်လို့ သိရပါတယ်။ အရောင်းသွက်ပေမဲ့ ယခင်တစ်ပတ်မှာ တက်ခဲ့တဲ့ဈေးအတိုင်းပဲ ဆက်လက်တည်ရှိ နေတယ်လို့ ပြောပါတယ်။ အေသုံးလုံးက ၅၃၀၀ ကျပ်၊ မြန်မာဆင်က ၅၀၀၀ ကျပ်၊ ဆင်(ထိုင်း) က ၆၀၀၀ ကျပ်၊ စိန်(ထိုင်း) က ၅၉၀၀ ကျပ်၊ ဆင်မင်း ၄၅၀၀ ကျပ်၊ ကျားခေါင်းက ၅၃၀၀ နဲ့ မြင်းခေါင်းက ၄၃၀၀ ကျပ် ဈေးအသီးသီးရှိတယ်လို့ သိရပါတယ်။ မော်လမြိုင်မှာ ဘိလပ်မြေ အရောင်းကောင်းတယ်လို့ သိရပါတယ်။ဘိလပ်မြေ အရောင်းကောင်းပေမဲ့ဈေးကပြောင်းလဲမှုသိပ်မရှိဘဲ တန့်နေတယ်လို့ သိရပါတယ်။ ဆင်(ထိုင်း) က ၄၉၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) က ၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေအရောင်းအဝယ်အေးတယ်လို့ ဆိုပါတယ်။ ဈေးတွေကလည်း အပြောင်းအလဲမရှိဘဲ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်းဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ စိန်(ယိုးဒယား)က ၆၇၀၀ ကျပ်၊ ခြင်္သေ့က ၅၃၀၀ ကျပ်၊ မြို့တော် ၄၄၀၀ ကျပ်နဲ့ နဂါးက ၅၄၀၀ ကျပ်ဈေးအသီးသီးရှိတယ်လို့ သိရပါတယ်။ မကွေးဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်က ပုံမှန်ရှိတယ်လို့ သိရပါတယ်။ မကွေးဘက်မှာ ဘိလပ်မြေတွေထဲမှာ ဆင်(ထိုင်း) ကို အသုံးများတယ် လို့ပြောပါတယ်။ အရောင်းက ပုံမှန်ရှိသလို ဈေးကလည်း ပြောင်းလဲမှုမရှိပါဘူး။ဒီတစ်ပတ်မကွေးမှာ ဆင်(ထိုင်း) ဘိလပ်မြေတစ်အိတ်ကို ၅၆၅၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ စိန်(ထိုင်း)နဲ့ မြင်းခေါင်းတို့က ပစ္စည်းပြတ် နေတယ်လို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ ဘိလပ်မြေ အရောင်းကောင်းတယ်လို့ သိရပါတယ်။ ရောင်းအားကောင်းပေမဲ့ ဈေးတွေက အတက်ကြီးမဟုတ်ပါဘူး။ ဒီတစ်ပတ် ဘုရင့်နောင်ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ဈေးက ဆင်(ထိုင်း)က ၄၈၅၀ ကျပ်၊ စိန်တံဆိပ်က ၄၆၅၀ ကျပ်နဲ့ ကျောက်ဆူးက ၄၄၀၀ ကျပ် တို့ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာတော့ ကျောက်ဆူးတံဆိပ်က ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။ MIRT (DOBT)
Background