Main menu

Background

ယခုရက်ပိုင်း စားအုန်းဆီကြမ်းဈေး ပြောင်းလဲမှုမရှိပေမယ့် ပြန်လည်ကျဆင်းနိုင်

Sun, 01/08/2012 - 07:32 -- Anonymous (not verified)

           ယခုရက်ပိုင်း မလေးရှားကုန်စည်ဒိုင်တွင် စားအုန်းဆီကြိုပွိုင့်ဈေး ပြောင်းလဲမှု မရှိပေမယ့် ရေနံနဲ့ ချီကာကို ပဲပုပ်ဆီဈေးကျဆင်းတဲ့အတွက် စားအုန်းဆီဈေး ပြန်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမယ့် တောင်အမေရိကမှာ ရာသီဥတု စိုးရိမ်ဖွယ်ရာများက ဈေးနှုန်းကို အထောက်အပံ့ပြုနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ မတ်လစာချုပ်အခြေခံဈေးဟာ တစ်တန် ရင်းဂစ် ၃၂၂၅ (ကန်ဒေါ်လာ ၁၁၂၄ ဒသမ ၁၃)ဈေးနဲ့ အရောင်းအဝယ် ပိတ်ခဲ့ တယ်လို့ သိရပါတယ်။                    ပဲပုပ်အဓိက တင်ပို့တဲ့ အာဂျင်တီးနားနဲ့ ဘရာဇီးတို့မှာ ရာသီဥတု ပူပြင်း ခြောက်သွေ့မှုကြောင့် အထွက်နှုန်း လျော့ကျနိုင်တဲ့ခန့်မှန်းချက်များအရ မကြာသေးခင် သီတင်းပတ်များအတွင်း ဟင်းသီးဟင်းရွက်ဆီဈေး မြင့်လာခဲ့ပါတယ်။ ပိတ်ရက်များကြောင့် ကုန်သည်များဈေးကွက်ပြင်ပရောက်ရှိနေတဲ့အတွက် လက်ငင်း ဝယ်လို အားနည်းနေဆဲ ဖြစ်ပြီး၊ စားအုန်းဆီကြမ်း တစ်တန်ရင်းဂစ် ၃၂၀၀ (ကန်ဒေါ်လာ ၁၀၁၆)ကို ကျဆင်းနိုင်တယ်လို့လည်း ကုန်သည်တစ်ဦး ကဆိုပါတယ်။ ဇန်နဝါရီလ ၄ ရက် မလေးရှား ရာသီဥတုအဖွဲ့မှ ပြောကြားချက်အရ စားအုန်းဆီ အဓိကစိုက်ပျိုးရာ ဆဘတ်ပြည်နယ်မှာ ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းဖွယ်ရှိ လို့ မြေနိမ့်ပိုင်းတွေ မှာ ရေလွှမ်းမိုးမှုဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြား အဓိကပြည်နယ်ဖြစ်တဲ့ Pahang မှာလည်း မိုးအသင့်အတင့် ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီပြည်နယ် ၂ ခုဟာ မလေးရှားနိုင်ငံ စုစုပေါင်းစားအုန်းဆီ ထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်း ထုတ်လုပ်တယ်လို့ မလေးရှား စားအုန်းဆီအဖွဲ့မှ ပြောကြားပါတယ်။ လက်ငင်းဈေးကွက်မှာ ဇန်နဝါရီလအတွက် သန့်စင်ပြီး စားအုန်းဆီဈေးဟာ တစ်တန် ကန်ဒေါ်လာ ၁၀၇၅ ရှိပြီး၊ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးဟာ တစ်တန် ရင်းဂစ် ၃၂၄၀ (ကန်ဒေါ်လာ ၁၀၂၉)နဲ့ ပြောင်း လဲခြင်း မရှိကြောင်း သိရပါတယ်။ယုဇန၊Source:Palmoilhq.com