Main menu

Background

၂၀၁၁ မှာ တရုတ်ပဲပုပ်တင်သွင်းမှု ကျဆင်းလို့ ၂၀၁၂ မှာတော့ ပြန်လည်တိုးတက်တင်သွင်းဖွယ်ရှိ

Mon, 01/16/2012 - 04:54 -- Anonymous (not verified)

    တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု ဟာ ၂၀၁၀ ခုနှစ်မှာ တန်ချိန် ၅၄ ဒသမ ၈ သန်းရှိခဲ့ရာမှ ၂၀၁၁ မှာတော့ တန်ချိန် ၅၂ ဒသမ ၆၄ သန်းကို တန် ချိန် ၂ ဒသမ ၁၆ သန်း လျော့ကျခဲ့ တယ်လို့ အကောက်ခွန်ဌာန စာရင်း များအရ သိရပါတယ်။ ၂၀၁၁ ခုနှစ် အတွင်းပဲပုပ်ပြုပြင်ထုတ်လုပ်တဲ့ ကုမ္ပဏီ များအရှုံးပေါ်တာကြောင့် တင်သွင်းမှု ကျဆင်း ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ပဲပုပ်တင်သွင်းမှု တန်ချိန် ၅၆ သန်းအထိ ပြန်မြင့်တက် လာနိုင်တယ်လို့ လေ့လာဆန်းစစ်သူ များ က ကြိုတင်ခန့်မှန်းကြပါတယ်။    ပဲပုပ်ကြိတ်ခွဲတဲ့ ကုမ္ပဏီများက ဆုံးရှုံးမှုတွေကြောင့် ကြိတ်ခွဲမှု လျော့ ကျလာကာ ခုလိုတင်သွင်းမှုကျဆင်း ခဲ့ကြောင်း  Youchi  Cngrain.com  မှ လေ့လာဆန်းစစ်သူ Jim  Sensen  က ဆိုပါတယ်။ အမေရိကန်စိုက်ပျိုးရေး ဌာန (USDA)က လွန်ခဲ့တဲ့ ဒီဇင်ဘာ လအတွင်း အစီရင်ခံစဉ်မှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံ ပဲပုပ် တင်သွင်းမှု တန်ချိန် ၅၆ ဒသမ ၅ သန်းအထိ ရှိမယ်လို့ ဖော်ပြထားပါ တယ်။    လတ်တလောမှာတော့ နိုင်ငံ တကာ ပဲပုပ်ဈေး ကျဆင်းနေတာ ကြောင့် တစ်လကို ပဲပုပ်တန်ချိန် ပျမ်းမျှ ၅ သန်းအထက် တင်သွင်းမှုနဲ့တကွ ပဲပုပ်တင်သွင်းဖို့ ဝယ်လိုအား မြင့်တက် နေတယ်လို့   Jim  က ဆိုပါတယ်။ ၂၀၁၂ အတွင်း ပဲပုပ်တင်သွင်းမှုက မြန်မြန်ဆန်ဆန်တိုးတက်နေမယ်လို့ ထပ်လောင်းပြောကြားပါတယ်။ယမင်းခင်    Source:chinadaily