Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 01/16/2012 - 07:56 -- Anonymous (not verified)

    ပြည်ပမှ ငွေကြေး စီးဝင်မှုတွေ ကြောင့်တရုတ် (တိုင်ပေ) ဒေါ်လာနဲ့ အိန္ဒိယရူပီးငွေကြေးတွေက ဇန်နဝါရီ ၁၂ ရက်ကပြန်လည်ဦးမော့လာပါ တယ်။ ဒါပေမဲ့ ယူရိုဇုန်ကြွေးမြီကိုငွေ ကြေးထောက်ပံ့ရေး ပြဿနာတွေနဲ့ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးနှုန်းနှေးကွေးနေ တတ်တာတွေကြောင့် ထွန်းသစ်စအာရှ ငွေကြေးတွေက အားနည်းနေဆဲဖြစ်ပါ တယ်။တရုတ်ယွမ်    ၂၀၁၁ ခုနှစ် စတုတ္ထသုံးလပတ် က တရုတ်နိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေ ပမာဏကျဆင်းခဲ့ပေမဲ့ ယွမ်ငွေကြေး တန်ဖိုးက ဇန်နဝါရီ ၁၃ ရက်ကအနည်း ငယ် တန်းနေတာကို တွေ့ရပါတယ်။    တရုတ်နိုင်ငံခြားငွေ ရောင်းဝယ် ရေးဌာနစာရင်းတွေအရ တရုတ်ယွမ်ငွေ ရဲ့တန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ ဇန်နဝါရီ ၁၃ ရက်က သုည ဒသမ ၂၉ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဒေါ်လာ ကို ၆ ဒသမ ၂၀၁ ယွမ်နှုန်းရှိခဲ့ပါတယ်။    လက်ငင်းဈေးကွက်မှာ ဇန်နဝါရီ ၁၂ ရက်က တစ်ဒေါ်လာကို ၆ ဒသမ ၆၃ ယွမ်နှုန်း ရှိခဲ့ပါတယ်။အိန္ဒိယရူပီး    ပင်လယ်ရပ်ခြားဒေသမှာ ယူရို နဲ့ တခြားငွေကြေးတွေ တန်ဖိုးမြင့်တက် လာတဲ့အတွက် ရူပီးငွေရဲ့တန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ ဇန်နဝါရီ ၁၃  ရက်ကဘဏ်အချင်းချင်းနိုင်ငံခြားငွေ ဖလှယ်ရေးဈေးကွက်မှာ သုည ဒသမ ၂၂ ရူပီးနှုန်းမြင့်တက်ပြီးတစ်ဒေါ်လာ ကို ၅၁ ဒသမ ၃၉ ရူပီးနှုန်းရှိခဲ့ပါတယ်။    နိုင်ငံခြားငွေတွေစီးဝင်မှု များပြား တဲ့အတွက် ဇန်နဝါရီ ၁၂ ရက်က ဈေး ပိတ်ချိန်မှာ  တစ်ဒေါ်လာကို သုည ဒသမ ၂၉ ရူပီးနှုန်း  မြင့်တက်ပြီး ၅၁ ဒသမ ၆၁ ဒေါ်လာနှုန်း ရှိခဲ့ပါတယ်။ဂျပန်ယန်း    စပိန်နဲ့အီတလီမှာ ဘွန်းလေလံပွဲ တွေအခြေအနေကောင်းမွန်ပြီး ဥရောပ ကြွေးမြီပြဿနာများအတိုင်းအတာတစ် ခုအထိလျော့ကျသွားတဲ့အတွက် တိုကျို မှာဇန်နဝါရီ ၁၃ ရက်နေ့က ဒေါ်လာနဲ့ ယန်းတို့ရဲ့ ဖလှယ်ရာမှာ ယူရိုတန်ဖိုး တက်ပြီး ယန်းနှင့်ဒေါ်လာတို့ရဲ့ တန်ဖိုး ကျဆင်းခဲ့ပါတယ်။    ယန်းငွေရဲ့တန်ဖိုးက ဇန်နဝါရီ ၁၂ ရက်က နယူးယောက်မှာတစ်ဒေါ်လာ ကို ၇၆ ဒသမ ၇၀ ယန်းနှုန်းနဲ့ တိုကျို မှာ ၇၆ ဒသမ ၉၅ ယန်းနှုန်းရှိခဲ့ပြီး ၁၃ ရက်နေ့မှာ တစ်ဒေါ်လာကို ၇၆ ဒသမ ၆၈ ယန်းနှုန်းရှိခဲ့ပါတယ်။မလေးရှားရင်းဂစ်    ဈေးကွက်တွင် ပါဝင်လှုပ်ရှားနေ သူတွေရင်းဂစ်  ငွေကြေးကို  အဝယ် လိုက်လာတဲ့အတွက် အမေရိကန်ဒေါ် လာနဲ့ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးက ဈေးအဖွင့်မှာမြင့်မားခဲ့တယ်လို့ ဝယ် ရောင်းသမားတွေကပြောပါတယ်။    ရင်းဂစ်ငွေကြေးတန်ဖိုးက ဇန်နဝါ ရီ ၁၂ ရက်က တစ်ဒေါ်လာကို ၃ ဒသမ ၁၄၀၀ ရင်းဂစ်နှုန်းရှိရာမှ ၁၃ ရက်မနက် ၉ နာရီမှာ ၃ ဒသမ ၁၂၈၀ ရင်းဂစ်နှုန်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ယူရိုငွေကြေးနဲ့ ဖလှယ်ရာမှာတော့ ဇန်နဝါရီ ၁၂ ရက် က တစ်ယူရိုကို ၃ ဒသမ ၉၉၂၅ ရင်း ဂစ်နှုန်းမှ ၄ ဒသမ ၀၀၉၂ ရင်းဂစ်နှုန်း ထိ ကျဆင်းခဲ့ပါတယ်။တောင်ကိုရီးယားဝမ်    စီးပွားရေးကိုအထောက်အကူ ဖြစ် စေဖို့အတွက် တောင်ကိုရီးယားဗဟို ဘဏ်ကချေးငွေကုန်ကျစရိတ်ကို သတ္တ မမြောက်လအဖြစ်မပြောင်းလဲထားခဲ့ တဲ့အတွက် တောင်ကိုရီးယားဝမ်တန် ဖိုးကတစ်ပတ်အတွင်းအမြင့်ဆုံးနှုန်းဖြစ် ခဲ့ပါတယ်။    ဘလွမ်းဘတ်က   ပြုစုထားတဲ့ စာရင်းများအရ ဆိုးလ်မြို့တွင်တောင်ကို ရီးယားဝမ်တန်ဖိုးက သုည ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၁၁၄၇ ဒသမ ၄၀ ဒေါ်လာနှုန်းရှိခဲ့ပါ တယ်။ စောစောပိုင်းက ၁၁၄၇ ဒသမ ၆၈ ဝမ်နှုန်းထိရောက်ပြီး ဇန်နဝါရီ ၅ ရက်နောက်ပိုင်းအမြင့်ဆုံးရှိခဲ့ပါတယ်။ထိုင်းဘတ်    စပိန်ဘွန်းစာချုပ် လေလံမစမီနဲ့ ဥရောပဗဟိုဘဏ်မူဝါဒအစည်းအဝေး မတိုင်မီအာရှဒေသငွေကြေးအများစု အပြောင်းအလဲမရှိသလောက်ဖြစ်သော် လည်း ထိုင်းဘတ်ငွေတန်ဖိုးမှာမူကျ ဆင်းခဲ့ပါတယ်။    ဘတ်ငွေတန်ဖိုးသည် ယခုနှစ်တစ် နှစ်လုံးအတွက် သုည ဒသမ ၈ ရာခိုင် နှုန်းအထိ  ကျဆင်းခဲ့ပြီး  အင်ဒိုနီးရှား ရူပြားပြီးရင် အာရှ၌ ဒုတိယအများဆုံး ကျဆင်းခဲ့တာ ဖြစ်ပါတယ်။    ဘတ်ငွေတန်ဖိုးက   ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီမိနစ်က ဗန်ကောက် တွင် သုည ဒသမ ၃ ရာခိုင်နှုန်း မြင့် တက်ပြီး တစ်ဒေါ်လာကို ၃၁ ဒသမ ၈၅ ဘတ်နှုန်း ရှိခဲ့ပါတယ်။ှSources. xinhua, bloomberg, bernama