တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေး ပိုငွေပြမှု ကျဆင်း လာပါက ယွမ်ငွေတန်ဖိုးမြင့်တက်မှုကို တစ်နှစ် သို့မဟုတ် နှစ်နှစ် ထိန်းသိမ်းသွားနိုင်လိမ့်မယ်လို့ တရုတ်စီးပွားရေးပညာ ရှင်တစ်ဦးက ဇန်နဝါရီ ၈ ရက်က ပြောကြားပါတယ်။ ကုန်သွယ်ရေး ပိုငွေပြမှုက တရုတ်နိုင်ငံဂျီဒီပီရဲ့ ၂ ရာခိုင် နှုန်းလောက်သာ ရှိတယ်ဆိုရင် ယွမ်ငွေတန်ဖိုးကို ချထား တယ်လို့ပြောနိုင်ဖို့ ခဲယဉ်းလိမ့်မယ်လို့ ပေကျင်းတက္ကသိုလ် စီးပွားရေး သုတေသနဌာနမှ စီးပွားရေးပါမောက္ခ ဟွမ်ယီပင်း က ပြောပါတယ်။ ဒေါ်လာနဲ့ ဖလှယ်ရာမှာ ယွမ်ငွေတန်ဖိုးကိုတိုးမြှင့်ပေးဖို့ တရုတ်နိုင်ငံကို အမေရိကန်ပြည်ထောင်စုက ကာလအတော် ကြာကတည်းက ဖိအားပေးလာခဲ့ပါတယ်။ တိုင်းပြည်စီးပွား ရေးမှာ အဟန့်အတားမဖြစ်စေဖို့အတွက် ယွမ်ကိုတစစ တန် ဖိုး မြှင့်ပေးမယ်လို့ တရုတ်အရာရှိတွေက ပြောကြား ပါတယ်။ ဥရောပအကျပ်အတည်းနဲ့ အမေရိကန် စီးပွားရေးကိန်း ဂဏန်း အချို့မြင့်တက်မှုကြောင့် ဒေါ်လာတန်ဖိုးကို မြင့်တက် လာစေပြီး ၂၀၁၁ ခုနှစ်အကုန် ၂၀၁၂ ခုနှစ်အဝင်မှာ ယွမ် တန်ဖိုး မြင့်တက်ခဲ့ပါတယ်။ ဇန်နဝါရီ ၅ ရက်နေ့က ယူရိုနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးက ၁၆ လအတွင်းအမြင့်ဆုံး နှုန်းကို ရောက်ရှိခဲ့ရာ တရုတ်ဗဟိုဘဏ်က ယွမ်ငွေတန်ဖိုးကို ချပေးတဲ့အတွက် ယွမ်ငွေတန်ဖိုးက ဇန်နဝါရီ ၈ ရက်မှာ စတုတ္ထနေ့အဖြစ် ဆက်တိုက်တန်ဖိုးကျဆင်းခဲ့ပါတယ်။ တရုတ်ပညာရှင်များက အစိုးရမူဝါဒများကို ကိုယ်စားပြု ပြောကြားတာမဟုတ်သလို တချို့က အစိုးရရာထူးတွေကိုရယူ ထားခြင်းမရှိကြပါဘူး။ ဒါပေမဲ့ ကိစ္စရပ်အတော်များများမှာ သူတို့ရဲ့ပြောဆိုမှုတွေက အစိုးရရဲ့သဘောထားကို ထင်ဟပ် နေတတ်ပါတယ်။ ဟွမ်က ပေကျင်းတက္ကသိုလ် မက်ကရို စီးပွားရေးသုတေသနရဲ့ ဒုတိယညွှန်ကြားရေးမှူးဖြစ်ပြီး နယူး ယောက် စတော့အိပ်ချိန်းမှာ ကျင်းပတဲ့ အမေရိကန် တရုတ် စီးပွားရေး ကော်မတီ နှစ်ပတ်လည်အစည်းအဝေးကို တက် ရောက်သူ တရုတ်စီးပွားရေးပညာရှင်ခုနစ်ဦးအနက် တစ်ဦး ဖြစ်ပါတယ်။Source: economictimes.indiatimes.com
Background