Main menu

Background

ဧရာပုသိမ်ဆန်စပါးအထူးပြုကုမ္ပဏီမှ ၂၀၁၁-၂၀၁၂ နွေစပါးရာသီ တောင်သူများကို ကျပ်သိန်းပေါင်း ၈၇၃၇ သိန်း ပံ့ပိုးပြီးစီး

Mon, 01/16/2012 - 09:25 -- Anonymous (not verified)

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့ရှိ ဧရာ ပုသိမ်ဆန်စပါးအထူးပြု ကုမ္ပဏီမှ မြို့နယ်အတွင်းရှိ နွေစပါး စိုက်ပျိုးလျက်ရှိတဲ့ တောင်သူများကို မျိုး၊ သွင်းအားစု၊ လယ်ယာသုံး စက်ပစ္စည်း များ ပံ့ပိုးပေးလျက်ရှိရာ ကျေးရွာ ၅၉ ရွာရှိ တောင်သူဦးရေ ၂၃၅၂ ဦး၊ စိုက် ဧက ၁၂၇၅၀ ဧကအတွက် ရက် ၉၀ စပါး၊ ဆင်းသုခ၊ ပခန်းရွှေဝါ၊ စုစုပေါင်း မျိုးစပါးတင်း ၁၄၅၀၊ တန်ဖိုးငွေကျပ် ၈၇ သိန်း၊ သွင်းအားစု ဓာတ်မြေ သြဇာအတွက် ကျပ်သိန်း ၇၂၆၆ သိန်း၊ ငွေသား ၅၂ သိန်း၊ လယ်ယာသုံးစက် ပစ္စည်းများအတွက် ကျပ်သိန်း ၁၃၃၂၊ စုစုပေါင်းပံ့ပိုးငွေကျပ်သိန်း ၈၇၃၇ ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်အထိ ပံ့ပိုးပြီးစီးကြောင်း သိရပါတယ်။ သိပ္ပံ နည်း ကျ ၁၄ ချက်နဲ့ စိုက်ပျိုးလျက်ရှိတဲ့ ကြောင်ပန်းကုန်း၊ လိန်ကုန်းကျေးရွာ၊ ကမ်းနီးကျေးရွာများရှိ တောင်သူများ အား လိုအပ်တာများကို အပြည့်အ၀ ပံ့ပိုးပေးလျက်ရှိကြောင်း သိရပါတယ်။    မင်းမင်းဦး