စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့နဲ့ အရှေ့အာရှပေါင်းစည်းရေးကို မြှင့်တင်ဖို့အတွက် ဒေါ်လာဘီလီယံ ၁၇၀ ရှိ အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးနဲ့ သယံဇာတဖွံ့ဖြိုးရေးစီမံကိန်းများကို ဂျပန်နိုင်ငံနဲ့ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံတို့က အစီရင်ခံစာပြုစု လျက်ရှိ ပါတယ်။ ၁၆ နိုင်ငံပါဝင်တဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးပြီးနောက် ၂၀၀၈ ခုနှစ် ဇွန်လမှာဖွဲ့စည်းခဲ့တဲ့ ဂျပန်အစိုးရပညာရှင်အဖွဲ့နဲ့ အာဆီယံနဲ့ အရှေ့အာရှစီးပွားရေး သုတေသနအဖွဲ့ (ERIA) တို့ကပြုစုတဲ့ အစီရင်ခံစာကို ယခုလကုန်မှာ ထုတ်ပြန်ပေးဖို့ အစီ အစဉ်ရှိပါ တယ်။ ဒေသတွင်းမှာ စီးပွားရေးပေါင်း စည်းမှုပိုမိုဆောင်ရွက်ဖို့အတွက် ကြိုးပမ်းနေတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံး ကို အထောက်အကူ ပေးနိုင်ဖို့အတွက် သုတေသနဌာနက သုတေသနတွေပြု လုပ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဇွန်လက ကျင်းပခဲ့တဲ့ နောက်ဆုံးထိပ်သီးအစည်းအဝေးမှာ အရှေ့အာရှနိုင်ငံခေါင်းဆောင်တို့က ERIA, အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးကို အရှေ့အာရှရဲ့ စီးပွားရေးအခြေခံအဆောက်အဦဖွံ့ဖြိုးရေးအတွက် ဘက်စုံ အာရှဖွံ့ဖြိုးရေးစီမံကိန်း (Comprehensive Asia Development Plan) ကို ရေးဆွဲဖို့ပန်ကြားခဲ့ပါတယ်။ ERIA က မကြာမီကပြုစုထားတဲ့ အစီရင်ခံစာကိုအခြေခံပြီး မဟာစီမံကိန်း (Master Plan) ကိုရေးဆွဲမှာဖြစ်ပါတယ်။ ဒီအစီရင်ခံစာ မှာ စီးပွားရေးအခြေခံအဆောက်အဦစီမံကိန်းတွေပါဝင်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းတွေထဲမှာ ဦးစားပေးစီမံကိန်းတွေနဲ့ ရေရှည်စီမံကိန်း တွေဆိုပြီးပါရှိမှာဖြစ်ပါတယ်။ အလျင်အမြန်ရေးဆွဲရတာဖြစ်တဲ့အတွက် စီမံကိန်းမှာ အာဆီယံနဲ့အရှေ့အာရှတစ်ခုလုံးကို အကျုံးဝင်မှုရှိအောင် ဆောင်ရွက်နိုင်ဦး မှာမဟုတ်ပါဘူး။ ဒီအစီရင်ခံစာထဲမှာ ဒေသတွင်း စက်မှုစြင်္ကံများထူထောင်ဖို့နဲ့ ဝေးလံခေါင်းပါးတဲ့ ဒေသတွေပါဝင်စေမဲ့ ထုတ်လုပ်ရေး ကွန်ရက်ရဲ့ တပ်ဦးကိုထူထောင် ဖို့ အဆိုပြုထားပါတယ်။ အစီရင်ခံစာမှာ အရှေ့အာရှ ဒေသရှိ ဒေသခွဲသုံးခုကို အဓိကအား ဖြင့် အလေးပေးဆောင်ရွက်ထားပါ တယ်။ ဒီဒေသခွဲတွေကတော့ ကမ္ဘောဒီးယား၊ တရုတ်နိုင်ငံအချို့အစိတ်အပိုင်း၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် တို့ပါဝင်တဲ့ မဲခေါင်ဒေသခွဲ။ထိုင်းဖွံ့ဖြိုး ရေး တြိဂံ ဒေသနဲ့ ဘရူနိုင်း၊ အင်ဒိုနီးရှား နဲ့ မလေးရှားရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဘောနီယိုနဲ့ ဖိလစ်ပိုင် အစိတ်အပိုင်း အချို့ပါဝင်တဲ့ဒေသ စတာ တွေဖြစ်ပါ တယ်။ ဒီဒေသတွေအတွင်းမှာ စီမံကိန်း ပေါင်း ၆၀၀ သတ်မှတ်ထားရှိပြီး မော်တော်ကားလမ်း၊ တံတားများ၊ မီးရထား လမ်း၊ ဆိပ်ကမ်းများ၊ လေဆိပ်များ၊ စက် မှုဇုန်များ၊ စွမ်းအင်နဲ့ဆက်သွယ်ရေး လုပ်ငန်းများပါဝင်ပါတယ်။ ဒီစီမံကိန်းတွေထဲက မဲခေါင်မြစ်ဝှမ်းဒေသတစ်ခု တည်းမှာပင် စီမံကိန်းပေါင်း ၄၀၀ နီးပါး ရှိပါတယ်။ ဒီဒေသခွဲသုံးခုမှာရှိတဲ့ စီးပွားရေး အခြေခံအဆောက်အဦဖွံ့ဖြိုးရေး အတွက် ဒေါ်လာဘီလီယံ ၁၇၀ လို အပ်မှာဖြစ်ပါတယ်။ ဒီငွေကြေး ပမာဏ အနက် အစိုးရတွေနဲ့ အေဒီဘီရဲ့ ထောက်ပံ့မှုရန်ပုံငွေက ဒေါ်လာဘီလီယံ ၁၀၀ ရှိမှာဖြစ်ပြီး ကျန်ဒေါ်လာ ၇၀ ကို အစိုးရနဲ့ ပုဂ္ဂလိကတို့ပူးပေါင်းဖြည့်ဆည်းတဲ့ရန်ပုံငွေကရမှာဖြစ်ပါတယ်။ Source: search.japantimes.co.jp
Background