ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်ဟာ တောင်ပျံမွှေးစပါးအများဆုံး စိုက်ပျိုးထွက်ရှိခဲ့တဲ့ မြို့နယ် တစ်မြို့နယ် ဖြစ်ပါတယ်။ ဒါကြောင့် ဧည့်မထစပါးများအပြင် တောင်ပျံမွှေးစပါးဈေးကွက်လည်း ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်လျက် ရှိတာကို တွေ့ရပါတယ်။ ယခုနှစ်အတွင်း တောင်ပျံမွှေးစပါးဈေး ပေါ်စအချိန်မှာ ပေါင် ၅၀ တင်း ၁၀၀ ကို ၅၆၀၀၀၀ ကျပ်နဲ့ ရောင်းဝယ်ခဲ့ကြပြီး၊ ဒီဇင်ဘာလကုန်နဲ့ ဇန်နဝါရီလဆန်းရက်များမှာ တောင်ပျံမွှေး စပါးဈေးအနည်းငယ် ပြန်ကျသွားခဲ့ပြီး တင်း ၁၀၀ ကို ၅၀၀၀၀၀ ကျပ်နဲ့သာ ရောင်းဝယ်ခဲ့ကြပါတယ်။ ယခုဇန်နဝါရီလလယ်မှာ တောင်ပျံမွှေးစပါးဈေး အနည်းငယ်ပြန် တက်လာတဲ့အတွက် တင်း ၁၀၀ ကို ၅၁၀၀၀၀ ကျပ်မှ ၅၂၀၀၀၀ ကျပ်ထိ ဈေးပြန်မြင့်ခဲ့ပြီး၊ ဧည့်မထစပါးဈေးမှာ ပေါင် ၅၀ တင်း ၁၀၀ ကို ၂၉၀၀၀၀ ကျပ်နဲ့ ၃၀၀၀၀၀ ကျပ်ဈေးဖြင့် နတ်တလင်းဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ တယ်။ ခင်ဆွေဝင်း
Background