မတ်လ ၃၁ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးတော့မဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်ကို သက်တမ်းတိုးမြှင့်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးအဖွဲ့ အစည်းအဝေးမှာ မတ်လ ၂ ရက်နေ့ကကြေညာခဲ့ပါတယ်။ သက်တမ်းတိုးပေးမဲ့အစီအစဉ်တွေထဲမှာ ခရီးသွားဗီဇာ ကြေးကင်းလွတ်ခွင့်၊ လေယာဉ်ဆင်းသက် နားနေခလျှော့ချရေး၊ ဟိုတယ်လုပ်ငန်းရှင်တွေအပေါ်ကောက်ခံတဲ့ လျှပ်စစ်သုံးစွဲမှု အာမခံ ရန်ပုံငွေကို လျှော့ချပေးခြင်းနဲ့ နိုင်ငံခြားသားခရီးသည်များအတွက် အာမခံကြေးအစီအစဉ်ကို ဆက်လက်ထားရှိရေးတို့ ပါဝင်ပါတယ်။ Source:pattayadailynews.com
Background