ကမ္ဘာတစ်ဝန်းလုံးက အကောက်အခွန်များကို တစစလျှော့ချသွားမည်ဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံထုတ်ကုန်အားလုံးရဲ့ ၈၅ ရာခိုင် နှုန်းကနေ ၉၀ ရာခိုင်နှုန်းကို ၂၀၁၈ ခုနှစ်မှာ အခွန်သုညရာခိုင်နှုန်းအထိလျှော့ချသွားမှာဖြစ်ကြောင်း ကုန်သွယ်ရေးမူဝါဒဆိုင်ရာ အကြံ ပေး တီအက်ဗီဆွာနတ်ကပြောကြားပါတယ်။ ၂၀၁၂ ခုနှစ်ကစပြီး ၂၀၁၈ ခုနှစ်အတွင်း အဓိကအားဖြင့် လယ်ယာစိုက်ပျိုးရေး သို့မဟုတ် အသေးစားစက်မှုလုပ်ငန်းထုတ်ကုန်များ ပါဝင်တဲ့ အခွန်လိုင်း ၅၀၀ ခန့်မှအပအခွန်များကို တစစလျှော့ချသွားမှာဖြစ်တယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ နိုင်ငံတော်အဆင့် ဆွေးနွေးပွဲမှာ ဗီဆွာနပ်က မတ်လ ၃ ရက်နေ့ကပြောကြားပါတယ်။ အိန္ဒိယနိုင်ငံနဲ့ ကုန်သွယ်နေတဲ့နိုင်ငံတွေရဲ့ ၇၀ ရာခိုင်နှုန်းနဲ့ သဘောတူစာချုပ် ၂၅ စောင်ကို ချုပ်ဆိုနိုင်ဖို့အတွက် အိန္ဒိယနိုင်ငံက ညှိနှိုင်းဆွေးနွေးနေတယ်။ အပြန်အလှန်အားဖြင့် အကောက်ခွန်လှိုင်း ၈၅ ရာခိုင်နှုန်းက နေ ၉၀ ရာခိုင်နှုန်းကို အခွန်သုညရာခိုင်နှုန်း အထိထားဖို့ အဆိုပြုချက်များကို အိန္ဒိယကတင်ပြထားပြီးဖြစ်တယ်လို့သူကပြောပါတယ်။ သီးသန့်ရွေးချယ်ထားတဲ့ကဏ္ဍများအပေါ် အခွန်ပယ်ဖျက်ပေးဖို့ အဆိုပြုချက်များကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ အဆိုပြုတင်ပြထား ပြီးဖြစ်ပါတယ်။ ဒီကဏ္ဍတွေထဲမှာ မော်တော်ကားနဲ့ ဆက်စပ်အစိတ်အပိုင်းများ၊ စက်ဘီးနဲ့ ဆက်စပ်ပစ္စည်းများ၊ ဓါတုဆေး၊ အီလက် ထရွန်းနစ်နဲ့ လျှပ်စစ်၊ စက်မှုယန္တရား၊ ငါးနဲ့ငါးထုတ်ကုန်၊ သစ်တောထုတ်ကုန်၊ ကျောက်မျက်ရတနာ၊ လက်ကိုင်သုံးကိရိယာ၊ ကုန်ကြမ်း၊ အားကစားပစ္စည်းနဲ့ ကစားစရာတွေပါဝင်ပါတယ်။ Source: expressbuzz.com
Background