အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးစွမ်းအင်ကုမ္ပဏီဖြစ်တဲ့ တာတာပါဝါ ကုမ္ပဏီအပါအဝင် အိန္ဒိယနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှ စီးပွားရေး ကိုယ်စား လှယ်အဖွဲ့တစ်ဖွဲ့ဟာ ကိုရီးယားနိုင်ငံကိုသွားရောက်လည်ပတ်လျက်ရှိပြီး အိန္ဒိယနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေတိုးချဲ့ဆောင်ရွက်ဖို့ ကိုယ်စားလှယ်အဖွဲ့က တောင်ကိုရီးယားနိုင်ငံကိုပန်ကြားခဲ့ကြောင်း ကိုရီးယားရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီ (ကိုထရာ) ကမတ် ၄ ရက်နေ့ကပြောကြားခဲ့ပါတယ်။ နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းရှိမှာဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် ဟာ ၂၀၁၇ ခုနှစ်မှာ နှစ်ဆတက်လာနိုင်ပါတယ်။ Source:tradingmarkets.com
Background