မာရီဂိုးနို့ဆီ တင်သွင်း ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၁၅ ရက် မှ ၂၁ ရက်တာကာလအတွင်း နို့ဆီ ၁၂၈ ဒသမ ၃၅ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်များက ဒွန်း နို့ဆီကို တင်သွင်းမှုများခဲ့ပေမဲ့ ဒီတစ် ပတ်မှာတော့ မာရီဂိုးနို့ဆီ ၁၁၄ ဒသမ ၁၉ တန်နဲ့ အခြားတံဆိပ်နို့ဆီ ၁၄ ဒသမ ၁၈ တန်တင် သွင်းခဲ့တာတွေ့ရပါတယ်။ နု့ိစိမ်းက ဒီတစ်ပတ်နဲ့ဆိုရင် သုံးပတ် ဆက်တိုက် အဝင်ပျောက်ခဲ့ပါတယ်။ နို့ဆီက ယခင်သီတင်းပတ်တင်သွင်းမှုမှာ တန်ချိန် တစ်ရာ့သုံးဆယ်ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ အဝင်အနည်း ငယ်သာ လျော့နည်းခဲ့တယ်လို့ ဆိုရပါ မယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ မလေးရှားနဲ့ စင်ကာပူနိုင်ငံမှသာ မှာယူတင်သွင်းခဲ့ တာ တွေ့ရပါတယ်။ စင်ကာပူမှ ၂၅ ဒသမ ၃၁ တန်နဲ့ မလေးရှားနိုင်ငံမှ ၆၉ ဒသမ ၃၀ တန် တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံမှ အများ ဆုံးတင်သွင်းခဲ့တယ်လို့ ဆိုရပါမယ်။ ယခင်သီတင်းပတ် နို့မှုန့်တင်သွင်းမှုက တန်ချိန် ငါးဆယ့်ရှစ်တန်ကျော်သာရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ ယခင်တစ်ပတ်ထက်သုံးဆယ့်ခြောက်တန်လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။MIRT (DOT) နို့စိမ်းနဲ့ နို့မှုန်သာ အသွင်းရှိ ဇန်နဝါရီ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၆၃ သန်းတန်ဖိုးရှိ နို့စိမ်း ၃၅၀၀ တာ (၁၄၀၀၀၀ ဒါဇင်) တင်သွင်းခဲ့ပြီး မူဆယ်နယ်စပ် ကတော့ ကန်ဒေါ်လာ သုည ဒသမ ၀၂၃ သန်းတန်ဖိုးရှိ နို့မှုန့် ၈ တန် တင် သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင် အပတ်ထက် နို့စိမ်း ၉၀၀ တာခန့် ပိုမိုတင်သွင်းခဲ့ပေမယ့် နို့မှုန့် ၆ တန် လျော့နည်းတင်သွင်းခဲ့တာတွေ့ပါတယ်။ ယခုအပတ်မှာတော့ နို့ဆီတင်သွင်းမှု မရှိပါဘူး။ နို့စိမ်း ၁ တာကို ကော့ သောင်းပေါက်ဈေး ၂၇၈၄၀ ကျပ်၊ တစ်ဖက်နိုင်ငံပေါက်ဈေး ၆၄၀ ဘတ်၊ နို့ဆီ ၁ တာကို ကော့သောင်းပေါက်ဈေး၂၆၈၀၀ ကျပ်၊ တစ်ဖက်နိုင်ငံပေါက်ဈေး ၆၂၀ ဘတ်ရှိတယ်လို့ သိရပါတယ်။ MIRT (DOT)ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း (နို့ဆီ) ၆၇၀ ၇၀၀ဒွန်း (နို့စိမ်း) ၆၄၀ ၆၅၀ဝမ်းတီးနို့ဆီ ၇၀၀ ၇၀၀အိုကေ(နို့ဆီ) ၆၅၀ ၆၇၅အိုကေ(နို့စိမ်း) ၆၅၀ ၆၇၅MIRT (DOT)
Background