နို့ဆီဝင်အားကောင်းပြီး နို့စိမ်းအဝင်နား ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ နို့ဆီ ၂၉၁ ဒသမ ၁၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းကိုးသောင်းကျော်ဖိုးကို တင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းနို့ဆီ ၁၁၄ ဒသမ ၁၉ တန်နဲ့ အခြားတံဆိပ် နို့ဆီ ၁၇၆ ဒသမ ၉၉ တန်တင်သွင်းခဲ့ တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် နို့ဆီအဝင်က တန်ချိန်တစ်ရာ့နှစ်ဆယ့် ရှစ်တန်သာ တင်သွင်းခဲ့တာကြောင့် ဒီ တစ်ပတ် နို့ဆီတင်သွင်းမှုနဲ့ယှဉ်ရင် တန် ချိန်တစ်ရာ့ခြောက်ဆယ်ကျော်လောက် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ နို့စိမ်းက ဒီတစ်ပတ်နဲ့ဆိုရင် လေးပတ် ဆက်တိုက် အဝင်ပျောက်ခဲ့ပါတယ်။နို့မှုန့်က သြစတြေးလျနိုင်ငံမှ ၆၇ ဒသမ၄တန်၊ စင်ကာပူနိုင်ငံမှ ၂၅ ဒသမ ၁၄တန်၊ နယူးဇီလန်မှ ၁၉၃ ဒသမ ၆ တန်၊ USA မှ ၁၆ ဒသမ ၄၂ တန်နဲ့ မလေးရှားနိုင်ငံမှ ၈ ဒသမ ၆၇ တန် စုစုပေါင်းတန်ချိန် ၃၁၁ ဒသမ ၂၃ တန် ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်က တန်ချိန် ကိုးဆယ်ကျော်သာ တင်သွင်းနိုင်ခဲ့တာကြောင့် ဒီတစ်ပတ် မှာ နို့မှုန့်အဝင်ပိုခဲ့တယ်လို့ ဆိုရပါမယ်။MIRT (DOT)နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းစုံလင် မြန်မာ-ထိုင်းနယ်စပ်ရှိ ကာ့သောင်း နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၁ သန်း တန်ဖိုးရှိ နို့ဆီ ၃၁ တန်ခန့် (၁၆၆၀ တာ) နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၀၅၃ သန်း တန်ဖိုးရှိ နို့စိမ်း ၅၅ တန်ခန့် (၂၉၀၀တာ)အသွင်းရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် နို့စိမ်းတင်သွင်းမှု တာ ၆၀၀ လျော့နည်းခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်က နို့ဆီတင်သွင်းမှု မရှိခဲ့ ပါဘူး။ ယခုအပတ်မှာတော့ နို့ဆီတစ် တာကို ကော့သောင်းပေါက်ဈေး ကျပ် ၂၆၈၀၀၊ တစ်ဖက်နိုင်ငံ ပေါက်ဈေး ဘတ် ၆၂၀၊ နို့စိမ်းတစ်တာကို ၂၇၈၄၀ ကျပ်၊ တစ်ဖက်နိုင်ငံ ပေါက်ဈေး ၆၄၀ ဘတ် ဈေးပေါက်လျက်ရှိပါတယ်။ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် မှ ကန်ဒေါ်လာ သုည ဒသမ ၀၂၄သန်း တန်ဖိုးရှိ နို့မှုန့် ၈ ဒသမ ၅ တန် အသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ဝက်ခန့်ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါ တယ်။ MIRT (DOBT)ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း (နို့ဆီ) ၆၅၀ ၇၀၀ ဒွန်း (နို့စိမ်း) ၆၂၀ ၆၅၀ ဝမ်းတီးနို့ဆီ ၇၀၀ ၇၀၀ အိုကေ(နို့ဆီ) ၆၅၀ ၆၇၅ အိုကေ(နို့စိမ်း) ၆၅၀ ၆၇၅MIRT (DOT)
Background