လွန်ခဲ့တဲ့နှစ် (၂၀) အတွင်း ဗီယက်နမ်ငွေပေးချေမှု ကတ်ပြားလုပ်ငန်းက သိသိသာသာ တိုးပွားလာပေမဲ့ ကတ် ကိုင်ဆောင်သူအများစုက ကတ်ကို ငွေပေးချေရာမှာ အသုံး ပြုခြင်းထက် ငွေသားထုတ်ယူရာမှာအများဆုံး အသုံးပြုကြပါ တယ်။ ဟိုချီမင်းစီတီ၊ ဒေါင်နိုင်နဲ့ ဘင်ဒေါင်ပြည်နယ်တွေက စက်မှုဇုန်တွေနဲ့ ပို့ကုန်ပစ္စည်းထုတ်လုပ်ရေးဇုန်တွေက အလုပ် သမားအမြောက်အမြားက ATM ကတ်တွေနဲ့ လစာကို လက်ခံရရှိပါတယ်။ ဒါပေမဲ့ ဒီပလတ်စတစ် ကတ်ပြားတွေကို ငွေသားထုတ်ယူတာကအပတခြားကိစ္စတွေမှာ သုံးခဲပါတယ်။ ဒါကြောင့် လစာထုတ်တဲ့နေ့တွေမှာ ATM စက်တွေ ရှေ့မှာ လူတွေတသီတစ်တန်းကြီးရှိနေတတ်တာ ရိုးနေပြီဖြစ် ပါတယ်။ ပြီးတော့စက်ထဲမှာငွေကုန်သွားတာမျိုးလို နည်းပညာ ဆိုင်ရာပြဿနာတွေရဲ့ စက်ရပ်သွားတာမျိုးတွေကို ကြုံတွေ့ရ တတ်ပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက ပြည်တွင်းကတ်နဲ့ငွေပေးချေဖို့ လုပ်တဲ့ ပလတ်စတစ်ကတ်ပြားအရေအတွက်က ၅ သန်း၊ အေတီအမ်စက်က ၃၀၀ နဲ့ ကတ်ရောင်းတဲ့နေရာက ၁၁၀၀၀ ပဲရှိပါတယ်။ ၂၀၁၁ ခုနှစ်ကုန်မှာ ကတ် အရေအတွက်ကသန်း ၄၀၊ATM စက်က ၁၃၀၀၀ နဲ့ ကတ်ရောင်းဌာနက ၇၀၀၀ ထိရှိလာပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာ ကတ်ထုတ်တဲ့ဌာနက ၅၀ နီးပါးရှိပြီး ATM ကတ်အမျိုးအစား ၂၀၀ လောက်ရှိပါ တယ်။ ပလတ်စတစ်ကတ်နဲ့ ငွေပေးချေတာအရေအတွက် ကြီး ထွားလာတဲ့အပြင်ဘဏ်အများစုကATM ကနေ တစ်ဆင့် ပေးချေနိုင်တဲ့ ဓာတ်အားခ၊ ရေနဲ့ တယ်လီဖုန်းလိုပေးချေမှုမျိုး တွေကိုလည်း ဆောင်ရွက်ပေးပါတယ်။ ဒါပေမဲ့ ဗီယက်နမ်ရှိ ကတ်ကိုင်ဆောင်သူတွေက ငွေသားနဲ့ ပေးချေတာကိုသာစွဲနေပြီး ပလတ်စတစ်ကတ်နဲ့ ငွေပေးငွေယူလုပ်တာနည်းပါသေးတယ်။ ဗီယက်နမ်ဘဏ်ကတ်အသင်းရဲ့ အဆိုအရ ၂၀၁၁ ခုနှစ်မှာ ATM ကတ်တွေနဲ့ပြုလုပ်တဲ့ လုပ်ဆောင်ချက် တွေရဲ့ ၈၃ ဒသမ ၂ ရာခိုင်နှုန်းက ငွေသားထုတ်ယူတာဖြစ်ပြီး သုည ဒသမ ၅ ရာခိုင်နှုန်းကသာ ကတ်နဲ့ငွေပေးချေတာမျိုး ဆောင် ရွက်တယ်လို့ ဆိုပါတယ်။ Source: vietnamnet.vn
Background