နယ်စပ်ဖြတ်ကျော်အာမခံထားရှိသော အစီအစဉ်ဆောင်ရွက်နိုင်ဖို့အတွက် မလေးရှားဗဟိုဘဏ် ( Bank Negara Malaysia ) နဲ့ ထိုင်းဗဟိုဘဏ် ( Bank of Thailand ) တို့ ဖေဖော်ဝါရီ ၂ ရက်က နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးကြပါတယ်။ သဘောတူစာချုပ်ရဲ့ အဓိကရည်ရွယ်ချက်က နှစ်နိုင်ငံစလုံးမှာရှိတဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေမှာ ငွေဖြစ်လွယ်မှုအထောက်အကူပစ္စည်းတွေ တိုးတက်ကောင်းမွန် လာအောင် ရည်ရွယ်ပြီး နှစ်ဘက်အပြန်အလှန် လုပ်ငန်းဆောင်ရွက်မှုတွေ လွယ်ကူ ချောမွေ့အောင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ယခုလို ပူးပေါင်းဆောင်ရွက်တာက ငွေကြေးနဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုကို အထောက်အကူပြုမှာဖြစ်သလို ပြည်တွင်းကငွေဖြစ်လွယ်မှုစီမံခန့်ခွဲရာမှာ ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေမှာ ဖြစ်ကြောင်း ဖေဖော် ဝါရီ ၂ ရက်က ထုတ်ဖော်ကြေညာခဲ့ကြပါတယ်။ ယခုသဘောတူညီချက်အရ မလေးရှားနိုင်ငံထဲမှာ လုပ်ငန်းဆောင်ရွက်နေပြီး အကျုံးဝင်တဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကထိုင်းဘတ်၊ ထိုင်းအစိုးရကြွေးမြီ အာမခံစာချုပ်စာတမ်း သို့မဟုတ် ထိုင်းဗဟိုဘဏ်ေ<ကးမြီ အာမခံစာချုပ် စာတမ်း တွေကို အပေါင်ထားပြီးBank Negara မှ ရင်းဂစ်ငွေကြေးကို ထုတ်ယူနိုင်ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာလည်း အလားတူဆောင်ရွက်နိုင်မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီအစီအစဉ်က သက်ဆိုင်ရာဘဏ္ဍာရေးစနစ်များအတွင်း နယ်စပ်ဖြတ်ကျော် ငွေဖြစ်လွယ်မှု စီမံခန့်ခွဲတာကို ပိုမိုခိုင်မာလာစေမှာ ဖြစ်သည့်အပြင် ဘဏ္ဍာရေးနဲ့ ငွေကြေးပူးပေါင်းဆောင်ရွက်မှုတွေကို အားဖြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။ Source: bernama
Background