တရုတ်နိုင်ငံက ၂၀၁၂ ခုနှစ်အတွင်း ပြည်တွင်းက ဝယ်ယူမယ့် အနိမ့်ဆုံး ဆန်ဈေးနှုန်းကို တိုးမြှင့်မယ်လို့သိရတယ်။ ဆန်အထွက်တိုးစေဖို့နဲ့ လယ်သမားတွေဝင်ငွေတိုးစေဖို့ ရည်ရွယ်ဆောင်ရွက်တယ်လို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင် ပြောင်းလဲရေးကော်မရှင် (NDRC) ကထုတ်ပြန်ခဲ့တယ်။ တစ်နှစ်မှာ စပါး (၃)ကြိမ်စိုက်ပျိုးရာ ၎င်းင်းရာသီအားလုံးထွက် ဆန် တွေနဲ့ ကောက်ညှင်းဆန်အတွက် ကြမ်းခင်းဈေးနှုန်းတွေကို မြှင့်တင်ပေးသွားမှာ ဖြစ်ကြောင်း ၊ ၂၀၁၂ ခုနှစ် အစောပိုင်းထွက်တဲ့ ဆန်နဲ့ နှစ်လယ်ပိုင်းထွက်တဲ့ ဆန်ကို ၃၆၀ ယွမ် (ကန်ဒေါ်လာ ၅၇ ) စီတိုးမြှင့်ပေးသွားမှာဖြစ်ပြီး နှစ်ကုန်ပိုင်းထွက်တဲ့ဆန်ကို ၂၄၀ ယွမ် (ကန်ဒေါ်လာ ၃၈ ) တိုးပေးသွားမှာဖြစ်ရာ ၎င်းင်းတို့ရဲ့ ကြမ်းခင်းဈေးတွေမှာ တစ်တန်ကို ၂၄၀၀ ယွမ် (ကန်ဒေါ်လာ ၃၈၀ )၊ ၂၅၀၀ ယွမ် (ကန်ဒေါ်လာ ၃၉၆) နဲ့ ၂၈၀၀ ယွမ် (ကန်ဒေါ်လာ ၄၄၃)တို့ဖြစ်ကြောင်း NDRC Website မှာ ဖော်ပြထားတယ်။ ပပ၊ Source:Lankabusinessonline.com
Background